" ဇူလုိင္လ (26) ရက္ေန႔မွာ ထြက္ရွိမယ့္ MIUI 9 ကို Xiaomi စမတ္ဖုန္းအမ်ားစု ရရွိႏိုင္မည္ "
----------------
Xiaomi က တ႐ုတ္ျပည္မွာ လူသိမ်ားတဲ့ စမတ္ဖုန္းျဖစ္ၿပီး ကုမၸဏီရဲ႕ ထုတ္ကုန္စမတ္ဖုန္းေတြမွာ ကုိယ္ပုိင္ MIUI ကုိလည္း အသံုးျပဳထားပါတယ္။ ဒီႏွစ္ေမလတုန္းကလည္း Xiaomi OS ရဲ႕ ေနာက္ဆံုး Version MIUI 8 ကုိမိတ္ဆက္ခဲ့ၿပီး MIUI 8 Global / China ROM ကုိ Xiaomi ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ အသံုးျပဳခဲ့ၿပီး ျဖစ္ပါတယ္။ MIUI 8 Changelogs ေတြ၊ လုပ္ေဆာင္ခ်က္ေတြနဲ႔ Download Link (Recovery / Fastboot ROM) ေတြကုိလည္း ေဖာ္ျပခဲ့ၿပီး ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ update အသစ္ကုိ မိတ္ဆက္ဖုိ႔ အခ်ိန္က်ၿပီး Xiaomi က MIUI 9 ကုိ မိတ္ဆက္ဖုိ႔ အဆင္သင့့့္ျဖစ္ေနပါၿပီ။
အားလံုးၾကားထားတဲ့အတုိင္းပဲ MIUI 9 က ဇူလုိင္လ 26 ရက္ေန႔မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ Xiaomi ကလည္း ကုမၸဏီရဲ႕ ေနာက္ထြက္မယ့္ အလယ္အလတ္တန္းစမတ္ဖုန္း Xiaomi Mi 5X နဲ႔အတူ MIUI 9 ကို ဇူလုိင္လ 26 ရက္ေန႔မွာ ေၾကညာမယ္လုိ႔ အတည္ျပဳထားပါတယ္။ မိတ္ဆက္ပြဲက China National Convention Center မွာ ေန႔လည္ 2 နာရီအခ်ိန္ စတင္မွာျဖစ္ပါတယ္။ ဒါဟာ MIUI 8 ကုိ မိတ္ဆက္ၿပီး 442 ရက္အၾကာမွာ MIUI 9 update ထြက္ေပၚလာေတာ့မွာျဖစ္ၿပီး Mi ခ်စ္သူေတြအတြက္ စိတ္ပ်က္ဖြယ္ရလဒ္မျဖစ္ဖို႔လည္း ေမွ်ာ္လင့္ရမွာပါပဲ။
MIUI 9 ကုိ update ျပဳလုပ္ႏိုင္မယ့္ Xiaomi စမတ္ဖုန္းအခ်ိဳ႕ကေတာ့ Redmi Note 3 ၊ Redmi Note 4 ၊ Redmi 3/3s/Prime ၊ Mi5/Mi5c ၊ Mi Note 2 ၊ Mi Mix ၊ Mi Max ၊ Redmi 4/4A ၊ Mi4c ၊ Mi4i ၊ Mi Pad 2 ၊ Mi Pad 3 ၊ Mi5S Plus ၊ Redmi 4X ၊ Mi Note ၊ Redmi Note 4X ၊ Mi Max 2 ၊ Mi 6 နဲ႔ တျခားနာမည္ အတိအက် မသတ္မွတ္ရေသးတဲ့ Mi စမတ္ဖုန္းတစ္ခ်ိဳ႕ ပါဝင္ႏိုင္ပါတယ္။ ဒီစမတ္ဖုန္းအားလံုးထဲမွာမွ Xiaomi Mi6 မွာ MIUI 9 update ကို စမ္းသပ္ခဲ့ၿပီး ျဖစ္ပါတယ္။
OTA updates ကလြဲလုိ႕ MIUI အသံုးျပဳသူေတြ မိမိရဲ႕စမတ္ဖုန္း MIUI 9 Recovery & Fastboot ROM ကုိ update ျပဳလုပ္ႏုိင္မွာျဖစ္ၿပီး Fastboot ROM ကုိ install လုပ္ဖု႔ိ Mi Flash Tool လုိအပ္သလုိ Recovery ROM ကုိလည္း boot လုပ္ၿပီး install လုပ္ႏိုင္ပါတယ္။ MIUI 9 ကုိ တရားဝင္ေၾကညာၿပီးတဲ့အခါ Fastboot / Recovery ROM Download Link ေတြကုိလည္း ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။
#xiaomidevice
သံစဥ္ခ်ိဳ
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
------------------------------------------------------------------------------------------------------------------------------------------------------
(Unicode Version)
" ဇူလိုင်လ (26) ရက်နေ့မှာ ထွက်ရှိမယ့် MIUI 9 ကို Xiaomi စမတ်ဖုန်းအများစု ရရှိနိုင်မည် "
----------------
Xiaomi က တရုတ်ပြည်မှာ လူသိများတဲ့ စမတ်ဖုန်းဖြစ်ပြီး ကုမ္ပဏီရဲ့ ထုတ်ကုန်စမတ်ဖုန်းတွေမှာ ကိုယ်ပိုင် MIUI ကိုလည်း အသုံးပြုထားပါတယ်။ ဒီနှစ်မေလတုန်းကလည်း Xiaomi OS ရဲ့ နောက်ဆုံး Version MIUI 8 ကိုမိတ်ဆက်ခဲ့ပြီး MIUI 8 Global / China ROM ကို Xiaomi ဖုန်းတော်တော်များများမှာ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ MIUI 8 Changelogs တွေ၊ လုပ်ဆောင်ချက်တွေနဲ့ Download Link (Recovery / Fastboot ROM) တွေကိုလည်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ update အသစ်ကို မိတ်ဆက်ဖို့ အချိန်ကျပြီး Xiaomi က MIUI 9 ကို မိတ်ဆက်ဖို့ အဆင်သင့့့်ဖြစ်နေပါပြီ။
အားလုံးကြားထားတဲ့အတိုင်းပဲ MIUI 9 က ဇူလိုင်လ 26 ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Xiaomi ကလည်း ကုမ္ပဏီရဲ့ နောက်ထွက်မယ့် အလယ်အလတ်တန်းစမတ်ဖုန်း Xiaomi Mi 5X နဲ့အတူ MIUI 9 ကို ဇူလိုင်လ 26 ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ မိတ်ဆက်ပွဲက China National Convention Center မှာ နေ့လည် 2 နာရီအချိန် စတင်မှာဖြစ်ပါတယ်။ ဒါဟာ MIUI 8 ကို မိတ်ဆက်ပြီး 442 ရက်အကြာမှာ MIUI 9 update ထွက်ပေါ်လာတော့မှာဖြစ်ပြီး Mi ချစ်သူတွေအတွက် စိတ်ပျက်ဖွယ်ရလဒ်မဖြစ်ဖို့လည်း မျှော်လင့်ရမှာပါပဲ။
MIUI 9 ကို update ပြုလုပ်နိုင်မယ့် Xiaomi စမတ်ဖုန်းအချို့ကတော့ Redmi Note 3 ၊ Redmi Note 4 ၊ Redmi 3/3s/Prime ၊ Mi5/Mi5c ၊ Mi Note 2 ၊ Mi Mix ၊ Mi Max ၊ Redmi 4/4A ၊ Mi4c ၊ Mi4i ၊ Mi Pad 2 ၊ Mi Pad 3 ၊ Mi5S Plus ၊ Redmi 4X ၊ Mi Note ၊ Redmi Note 4X ၊ Mi Max 2 ၊ Mi 6 နဲ့ တခြားနာမည် အတိအကျ မသတ်မှတ်ရသေးတဲ့ Mi စမတ်ဖုန်းတစ်ချို့ ပါဝင်နိုင်ပါတယ်။ ဒီစမတ်ဖုန်းအားလုံးထဲမှာမှ Xiaomi Mi6 မှာ MIUI 9 update ကို စမ်းသပ်ခဲ့ပြီး ဖြစ်ပါတယ်။
OTA updates ကလွဲလို့ MIUI အသုံးပြုသူတွေ မိမိရဲ့စမတ်ဖုန်း MIUI 9 Recovery & Fastboot ROM ကို update ပြုလုပ်နိုင်မှာဖြစ်ပြီး Fastboot ROM ကို install လုပ်ဖို့ Mi Flash Tool လိုအပ်သလို Recovery ROM ကိုလည်း boot လုပ်ပြီး install လုပ်နိုင်ပါတယ်။ MIUI 9 ကို တရားဝင်ကြေညာပြီးတဲ့အခါ Fastboot / Recovery ROM Download Link တွေကိုလည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
#xiaomidevice
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
No comments:
Post a Comment