Tuesday, July 11, 2017

“အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာ ျပသနာမ်ား"


-----------------------------

ေမး - အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းကေရ၀င္ၿပီး ပါ၀ါေသသြားတယ္ဗ်ာ။ Service ဆိုင္ကိုသြားျပတယ္။ ျပန္ေကာင္း သြားတယ္။ ဒါေပမဲ့ သံုးၿပီး 7 ရက္ၾကာေတာ့ Touch ဆြဲမရေတာ့ဘူးဗ်ာ။ ဘာေၾကာင့္လဲ။ ရွင္းျပပါဦး။
ေျဖ - ဟုတ္ကဲ့။ ေရ၀င္တဲ့ဖုန္းေတာ္ေတာ္မ်ားမ်ားဟာ ပါ၀ါေသလို႔ ျပန္ေကာင္းသြားရင္ေတာင္ ေနာက္ဆက္တြဲ Error ေတာ္ေတာ္မ်ားမ်ား ျပန္ျဖစ္တတ္ပါတယ္။ ဖုန္းတစ္လံုးေရ၀င္သြားရင္ Battery, Touch, LCD မ်ား ထိခိုက္ႏုိင္ပါတယ္။ အဓိကကေတာ့ ေရဂ်ိဳးေတြက ဆားကစ္ပတ္လမ္းေတြကို စားသြားလုိ႔ပါ။ နီးစပ္ရာ Service ဆိုင္ကို ျပလုိက္ပါအစ္ကို။ ျပန္ေကာင္းသြားႏိုင္ပါတယ္။

ေမး - မဂၤလာပါ။ ကြၽန္ေတာ့္ Mi Note 4 ျမန္မာစာမမွန္လုိ႔ ဘယ္လိုလုပ္ရမလဲခင္ဗ်ာ။ ေက်းဇူးျပဳ၍ ေျဖေပးပါ ခင္ဗ်ာ။
ေျဖ - ဟုတ္ကဲ့။ မဂၤလာပါ။ Mi Phone ေတြကို ျမန္မာစာ Font ထည့္ေတာ့မယ္ဆိုရင္ Mi Account လိုအပ္ပါ သည္။ Mi Account ရရွိသြားၿပီဆိုရင္ Phone ကို Internet ဖြင့္ပါ။ Phone Setting ထဲမွ Mi Account ထဲသုိ႔ ၀င္ၿပီး Mi Account ႐ိုက္ထည့္ပါ။ ၿပီးေနာက္ Phone Setting ထဲမွ System Font ထဲသို႔၀င္ပါ။ Search Bar မွ zg လုိ႔ ႐ိုက္လိုက္ပါ။ Zawgyi Font ေပၚလာမည္။ ၎ကို Downloading လုပ္လုိက္ပါ။ Download လုပ္ၿပီး ေနာက္ Zawgyi Font ကို Install လုပ္လုိက္ပါ။ Phone က Reboot က်သြားလိမ့္မည္။ ျပန္တက္လာလွ်င္ Frozen Keyboard ကို Phone ထဲသို႔ထည့္သြင္းၿပီး Myanmar Font အသံုးျပဳလုိ႔ရသြားပါၿပီ။

ေမး - အစ္ကိုခင္ဗ်ာ ကြၽန္ေတာ့္ဖုန္းေလးက OPPO Joy 3 ေလးပါ။ အစတုန္းက Ooredoo, MPT, Telenor အကုန္ရတယ္။ Sim ျဖဳတ္ၿပီး ျပန္တက္တာ No Sim ျဖစ္ေနတယ္။ Sim ကတ္ကို ေသခ်ာထည့္ပါတယ္။ ၿပီး ေတာ့ ကြန္ရက္ဆက္တင္က မေပၚဘူးျဖစ္ေနလုိ႔ နည္းလမ္းေလးျပေပးပါဦး။
ေျဖ - ဟုတ္အစ္ကို။ အစ္ကို႔ဖုန္းက Sim ကတ္အထိုင္က်ိဳးသြားလုိ႔ေနမွာပါ။ Sim ကတ္အထုိင္လဲရင္ အဆင္ေျပပါလိမ့္မယ္။ နီးစပ္ရာ Service ဆုိင္ကိုျပၾကည့္ပါ။

ေမး - အစ္ကိုေရ iPhone 5 ေလး Touch LCD လဲလုိက္တာ အခု Phone က Logo လည္ေနလုိ႔ခင္ဗ်ာ။
ေျဖ - ဟုတ္ကဲ့ခင္ဗ်ာ။ အဲ့တာ အစ္ကို႔ Battery အားနည္းေနရင္ ျဖစ္တတ္ပါတယ္ခင္ဗ်ာ။ Battery ကို Power Supply နဲ႔ခ်ိတ္ၿပီး အားသြင္းထားၿပီးမွ ျပန္ဖြင့္ၾကည့္ပါ။ အဆင္ေျပပါလိမ့္မယ္။

ေမး - ဖုန္းထဲက Mi Account ေမ့သြားလို႔ပါ။ သံုးလုိ႔ေတာ့ ရပါေသးတယ္။ ျပန္ထြက္လုိ႔ မရလုိ႔ပါ။ Mi5, MIUI 8 ပါ။
ေျဖ - Mi Account က ဖုန္းထဲမွာထည့္လုိက္တာနဲ႔ Server မွာ ၀င္သြားတာမုိ႔ Official ျဖည္လုိရင္ 3 ရက္ေလာက္ၾကာပါတယ္။ MIUI 8 မွာ Account ရွိေနခ်ိန္ Reset ခ်ရင္ပဲျဖစ္ျဖစ္၊ Firmware ျပန္တင္ရင္ပဲျဖစ္ျဖစ္ Setup Page မွာ WiFi ခ်ိတ္ၿပီးတာနဲ႔ Account ျပန္ေတာင္းမွာပါ။ ဖုန္းက သံုးလုိ႔ရေနေသးတယ္ဆို ဒီတုိင္းဆက္သံုးေနလည္း အဆင္ေျပပါတယ္ခင္ဗ်ာ။ ေက်ာ္မယ္ဆိုရင္ေတာ့ Mi Show Room မွာ သြားျပလုိက္ ပါ။ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

ေမး - ကြၽန္ေတာ့္ Samsung ဖုန္းက Firmware တင္ၿပီး Logo ရပ္ေနတယ္။ ဘယ္လိုလုပ္ရမလဲ။
ေျဖ - Samsung ေတြ Firmware တင္ၿပီး Logo ရပ္ေနရင္ Recovery ၀င္ၿပီး Factory Reset ခ်ေပးပါ။ Data ေတြေတာ့ပ်က္ပါမယ္ခင္ဗ်ာ။ Recovery မွာ Wipe Data ႏွိပ္ရင္ efs mount fail လို႔ျပေနရင္ေတာ့ Region လြဲတဲ့ Firmware မွားတင္မိလို႔ပါ။ အဲ့လိုျဖစ္ခဲ့ရင္ေတာ့ ZSX တုိ႔ BST တုိ႔နဲ႔ Reset EFS လုပ္ၿပီး Firmware ျပန္ တင္ေပးရပါမယ္ခင္ဗ်ာ။

ေမး - ဦးေရ သားရဲ႕ဖုန္းကေတာ့ သံုးရတာအဆင္မေျပဘူးဗ်ာ။ သူမ်ားဖုန္းေတြထက္ ပိုၿပီးပူတယ္။ ဘက္ထရီလည္း အၾကာႀကီး မခံဘူးျဖစ္ေနတယ္။ ဘယ္လိုလုပ္ရင္ေကာင္းမလဲဆိုတာ အႀကံေလးေပးပါဦးဗ်ာ။
ေျဖ - သားရဲ႕ဖုန္းက သူမ်ားဖုန္းေတြထက္ပိုၿပီးေတာ့ပူတယ္။ ဘက္ထရီလည္း အားမခံဘူးဆိုေတာ့ ေရ၀င္ထား တာမ်ိဳးတုိ႔၊ တစ္ညလံုးအားသြင္းႀကိဳးထိုးထားၿပီး အိပ္ေပ်ာ္သြားတာမ်ိဳးတုိ႔ ျဖစ္ဖူးထားေသးလား။ ျဖစ္ဖူးထားတယ္ ဆိုရင္ေတာ့ ဒီတိုင္းၾကာရွည္ဆက္ၿပီးေတာ့ မသံုးသင့္ေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ သားရဲ႕ဖုန္း Circuit Board မွာ Shock တစ္ခုခုရွိေနတာႀကိမ္းေသၿပီ။ ဆက္သံုးမယ္ဆိုရင္ Power ေသတဲ့ထိျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ ကြၽမ္းက်င္တဲ့ Mobile Service ဆိုင္တစ္ဆုိင္ဆိုင္ကိုသြားၿပီး Service လုပ္ေစခ်င္ပါတယ္။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

-----------------------------------------------------------------------------------------------

(Unicode Version)

“အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ”
-----------------------------

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းကရေဝင်ပြီး ပါ၀ါသေသွားတယ်ဗျာ။ Service ဆိုင်ကိုသွားပြတယ်။ ပြန်ကောင်း သွားတယ်။ ဒါပေမဲ့ သုံးပြီး 7 ရက်ကြာတော့ Touch ဆွဲမရတော့ဘူးဗျာ။ ဘာကြောင့်လဲ။ ရှင်းပြပါဦး။
ဖြေ - ဟုတ်ကဲ့။ ရေဝင်တဲ့ဖုန်းတော်တော်များများဟာ ပါ၀ါသေလို့ ပြန်ကောင်းသွားရင်တောင် နောက်ဆက်တွဲ Error တော်တော်များများ ပြန်ဖြစ်တတ်ပါတယ်။ ဖုန်းတစ်လုံးရေဝင်သွားရင် Battery, Touch, LCD များ ထိခိုက်နိုင်ပါတယ်။ အဓိကကတော့ ရေဂျိုးတွေက ဆားကစ်ပတ်လမ်းတွေကို စားသွားလို့ပါ။ နီးစပ်ရာ Service ဆိုင်ကို ပြလိုက်ပါအစ်ကို။ ပြန်ကောင်းသွားနိုင်ပါတယ်။

မေး - မင်္ဂလာပါ။ ကျွန်တော့် Mi Note 4 မြန်မာစာမမှန်လို့ ဘယ်လိုလုပ်ရမလဲခင်ဗျာ။ ကျေးဇူးပြု၍ ဖြေပေးပါ ခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ မင်္ဂလာပါ။ Mi Phone တွေကို မြန်မာစာ Font ထည့်တော့မယ်ဆိုရင် Mi Account လိုအပ်ပါ သည်။ Mi Account ရရှိသွားပြီဆိုရင် Phone ကို Internet ဖွင့်ပါ။ Phone Setting ထဲမှ Mi Account ထဲသို့ ၀င်ပြီး Mi Account ရိုက်ထည့်ပါ။ ပြီးနောက် Phone Setting ထဲမှ System Font ထဲသို့ဝင်ပါ။ Search Bar မှ zg လို့ ရိုက်လိုက်ပါ။ Zawgyi Font ပေါ်လာမည်။ ၎င်းကို Downloading လုပ်လိုက်ပါ။ Download လုပ်ပြီး နောက် Zawgyi Font ကို Install လုပ်လိုက်ပါ။ Phone က Reboot ကျသွားလိမ့်မည်။ ပြန်တက်လာလျှင် Frozen Keyboard ကို Phone ထဲသို့ထည့်သွင်းပြီး Myanmar Font အသုံးပြုလို့ရသွားပါပြီ။

မေး - အစ်ကိုခင်ဗျာ ကျွန်တော့်ဖုန်းလေးက OPPO Joy 3 လေးပါ။ အစတုန်းက Ooredoo, MPT, Telenor အကုန်ရတယ်။ Sim ဖြုတ်ပြီး ပြန်တက်တာ No Sim ဖြစ်နေတယ်။ Sim ကတ်ကို သေချာထည့်ပါတယ်။ ပြီး တော့ ကွန်ရက်ဆက်တင်က မပေါ်ဘူးဖြစ်နေလို့ နည်းလမ်းလေးပြပေးပါဦး။
ဖြေ - ဟုတ်အစ်ကို။ အစ်ကို့ဖုန်းက Sim ကတ်အထိုင်ကျိုးသွားလို့နေမှာပါ။ Sim ကတ်အထိုင်လဲရင် အဆင်ပြေပါလိမ့်မယ်။ နီးစပ်ရာ Service ဆိုင်ကိုပြကြည့်ပါ။

မေး - အစ်ကိုရေ iPhone 5 လေး Touch LCD လဲလိုက်တာ အခု Phone က Logo လည်နေလို့ခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ အဲ့တာ အစ်ကို့ Battery အားနည်းနေရင် ဖြစ်တတ်ပါတယ်ခင်ဗျာ။ Battery ကို Power Supply နဲ့ချိတ်ပြီး အားသွင်းထားပြီးမှ ပြန်ဖွင့်ကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။

မေး - ဖုန်းထဲက Mi Account မေ့သွားလို့ပါ။ သုံးလို့တော့ ရပါသေးတယ်။ ပြန်ထွက်လို့ မရလို့ပါ။ Mi5, MIUI 8 ပါ။
ဖြေ - Mi Account က ဖုန်းထဲမှာထည့်လိုက်တာနဲ့ Server မှာ ၀င်သွားတာမို့ Official ဖြည်လိုရင် 3 ရက်လောက်ကြာပါတယ်။ MIUI 8 မှာ Account ရှိနေချိန် Reset ချရင်ပဲဖြစ်ဖြစ်၊ Firmware ပြန်တင်ရင်ပဲဖြစ်ဖြစ် Setup Page မှာ WiFi ချိတ်ပြီးတာနဲ့ Account ပြန်တောင်းမှာပါ။ ဖုန်းက သုံးလို့ရနေသေးတယ်ဆို ဒီတိုင်းဆက်သုံးနေလည်း အဆင်ပြေပါတယ်ခင်ဗျာ။ ကျော်မယ်ဆိုရင်တော့ Mi Show Room မှာ သွားပြလိုက် ပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မေး - ကျွန်တော့် Samsung ဖုန်းက Firmware တင်ပြီး Logo ရပ်နေတယ်။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - Samsung တွေ Firmware တင်ပြီး Logo ရပ်နေရင် Recovery ၀င်ပြီး Factory Reset ချပေးပါ။ Data တွေတော့ပျက်ပါမယ်ခင်ဗျာ။ Recovery မှာ Wipe Data နှိပ်ရင် efs mount fail လို့ပြနေရင်တော့ Region လွဲတဲ့ Firmware မှားတင်မိလို့ပါ။ အဲ့လိုဖြစ်ခဲ့ရင်တော့ ZSX တို့ BST တို့နဲ့ Reset EFS လုပ်ပြီး Firmware ပြန် တင်ပေးရပါမယ်ခင်ဗျာ။

မေး - ဦးရေ သားရဲ့ဖုန်းကတော့ သုံးရတာအဆင်မပြေဘူးဗျာ။ သူများဖုန်းတွေထက် ပိုပြီးပူတယ်။ ဘက်ထရီလည်း အကြာကြီး မခံဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ အကြံလေးပေးပါဦးဗျာ။
ဖြေ - သားရဲ့ဖုန်းက သူများဖုန်းတွေထက်ပိုပြီးတော့ပူတယ်။ ဘက်ထရီလည်း အားမခံဘူးဆိုတော့ ရေဝင်ထား တာမျိုးတို့၊ တစ်ညလုံးအားသွင်းကြိုးထိုးထားပြီး အိပ်ပျော်သွားတာမျိုးတို့ ဖြစ်ဖူးထားသေးလား။ ဖြစ်ဖူးထားတယ် ဆိုရင်တော့ ဒီတိုင်းကြာရှည်ဆက်ပြီးတော့ မသုံးသင့်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သားရဲ့ဖုန်း Circuit Board မှာ Shock တစ်ခုခုရှိနေတာကြိမ်းသေပြီ။ ဆက်သုံးမယ်ဆိုရင် Power သေတဲ့ထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ Mobile Service ဆိုင်တစ်ဆိုင်ဆိုင်ကိုသွားပြီး Service လုပ်စေချင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment