Wednesday, June 7, 2017

“ က်ပ္သိန္း (50) ေက်ာ္နဲ႔ စတင္ေရာင္းခ်မယ့္ iMac Pro Desktop ” -----



Apple ကုမၸဏီကေန WWDC 2017 ပြဲအတြင္းမိတ္ဆက္ခဲ့တဲ့ iMac Pro Desktop ကို လာမယ့္ ဒီဇင္ဘာလထဲ US မွာ စတင္ေရာင္းခ်ဖို႔ စီစဥ္ထားၿပီး အေမရိကန္ေဒၚလာ 4999 ကေန စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဒီ desktop ဝယ္ယူသူေတြအတြက္ သီးသန္႔ထုတ္လုပ္ထားတဲ့ space gray ကာလာသစ္နဲ႔ ထြက္ရွိလာမယ့္ wireless magic mouse ၊ Magic Trackpad ၊ Magic keyboard ေတြလည္း ရရွိႏိုင္မွာျဖစ္ၿပီး ဒီ accessories ေတြက iMac Pro ဝယ္ယူသူေတြအတြက္ ကန္႔သတ္ထုတ္လုပ္တာလို႔ သိရပါတယ္။ လက္ရွိမွာ 27 လက္မ 5K iMac ေမာ္ဒယ္အတြက္ RAM အစားထိုးလဲလွယ္ႏိုင္ၿပီး 21.5 လက္မ iMac ကိုေတာ့ အစားထိုးခြင့္မေပးထားပါဘူး။ iMac Pro အတြက္ သတင္းေကာင္းကေတာ့ အနာဂတ္မွာ ထပ္ၿပီးတိုးခ်ဲ႕အသံုးျပဳလိုသူေတြအတြက္ ECC RAM ကို 128 GB အထိ ျပင္ဆင္လာႏိုင္ခြင့္ ရွိမယ္ဆိုတာပါပဲ။ 18 cores အထိ ေထာက္ပံ့ေပးထားတဲ့ Xeon processor ပါဝင္ၿပီး GPU အေနနဲ႔ AMD Radeon Vega ကို အသံုးျပဳထားပါတယ္။ storage က 1TB ရွိၿပီး 4TB အထိ တိုးခ်ဲ႕ႏိုင္မွာပါ။ graphic ကတ္ကို 16 GB အထိ တိုးခ်ဲ႕ႏိုင္ဖို႔ ျပဳလုပ္ေပးထားပါတယ္။ mac OS High Sierra နဲ႔ ထြက္ရွိလာမယ့္ iMac Pro က ေထာင့္ျဖတ္အက်ယ္အဝန္း 27 လက္မရွိၿပီး 5K display ၊ 5120×2880 pixels ႐ုပ္ထြက္ ရရွိေစမွာပါ။ 500 nits brightness ပါဝင္ၿပီး thunderbolts USB-C port 4 ခု ထည့္သြင္းထားပါတယ္။ လံုျခံဳေရးပိုင္းဆိုင္ရာ အဓိကကာကြယ္ေပးဖို႔ ရည္ရြယ္ထားတဲ့ iMac Pro ကို 32 GB ကေန စတင္ထုတ္လုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

သံစဥ္ခ်ိဳ

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal

----------------------------------------------------------------------------------------------------------------------------------------------------------------------------

(Unicode Version)

“ ကျပ်သိန်း (50) ကျော်နဲ့ စတင်ရောင်းချမယ့် iMac Pro Desktop ”
----------------

Apple ကုမ္ပဏီကနေ WWDC 2017 ပွဲအတွင်းမိတ်ဆက်ခဲ့တဲ့ iMac Pro Desktop ကို လာမယ့် ဒီဇင်ဘာလထဲ US မှာ စတင်ရောင်းချဖို့ စီစဉ်ထားပြီး အမေရိကန်ဒေါ်လာ 4999 ကနေ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီ desktop ဝယ်ယူသူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ space gray ကာလာသစ်နဲ့ ထွက်ရှိလာမယ့် wireless magic mouse ၊ Magic Trackpad ၊ Magic keyboard တွေလည်း ရရှိနိုင်မှာဖြစ်ပြီး ဒီ accessories တွေက iMac Pro ဝယ်ယူသူတွေအတွက် ကန့်သတ်ထုတ်လုပ်တာလို့ သိရပါတယ်။ လက်ရှိမှာ 27 လက်မ 5K iMac မော်ဒယ်အတွက် RAM အစားထိုးလဲလှယ်နိုင်ပြီး 21.5 လက်မ iMac ကိုတော့ အစားထိုးခွင့်မပေးထားပါဘူး။ iMac Pro အတွက် သတင်းကောင်းကတော့ အနာဂတ်မှာ ထပ်ပြီးတိုးချဲ့အသုံးပြုလိုသူတွေအတွက် ECC RAM ကို 128 GB အထိ ပြင်ဆင်လာနိုင်ခွင့် ရှိမယ်ဆိုတာပါပဲ။ 18 cores အထိ ထောက်ပံ့ပေးထားတဲ့ Xeon processor ပါဝင်ပြီး GPU အနေနဲ့ AMD Radeon Vega ကို အသုံးပြုထားပါတယ်။ storage က 1TB ရှိပြီး 4TB အထိ တိုးချဲ့နိုင်မှာပါ။ graphic ကတ်ကို 16 GB အထိ တိုးချဲ့နိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ mac OS High Sierra နဲ့ ထွက်ရှိလာမယ့် iMac Pro က ထောင့်ဖြတ်အကျယ်အဝန်း 27 လက်မရှိပြီး 5K display ၊ 5120×2880 pixels ရုပ်ထွက် ရရှိစေမှာပါ။ 500 nits brightness ပါဝင်ပြီး thunderbolts USB-C port 4 ခု ထည့်သွင်းထားပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာ အဓိကကာကွယ်ပေးဖို့ ရည်ရွယ်ထားတဲ့ iMac Pro ကို 32 GB ကနေ စတင်ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal

No comments:

Post a Comment