Tuesday, June 6, 2017

iOS 11 ရဲ့ hidden feature (၂၅) ခု



WWDC 2017 keynote မှာ Apple က iOS 11 ကို developer beta အနေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Apple ဟာ အကောင်းဆုံး feature တွေကို keynote မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ keynote မှာ မဖော်ပြခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ အပြောင်းအလဲတွေနဲ့ feature အများအပြား ရှိပါတယ်။ ဒါကြောင့် iOS 11 ကို စမ်းသပ်သုံးစွဲလိုသူတွေအတွက် hidden feature တွေကို ဖော်ပြလိုက်ပါတယ်။

(၁) Multiple app များကို ဆွဲရွှေ့ခြင်း (iPad)

အခုအခါမှာ multiple app တွေကို select လုပ်နိုင်ပါပြီ။ App တွေကို jiggle mode ဖြစ်တဲ့အထိ နှိပ်ပြီးဖိထားပါ။ App တစ်ခုကို နှိပ်ပြီး ရွှေ့ပါ။ အဲ့ဒီနောက် အခြား app icon တွေကို နှိပ်ပါ။ အဲ့ဒီ app တွေကို select လုပ်သွားပါလိမ့်မယ်။ ပြီးရင် အခြား စာမျက်နှာကိုသွားပြီး ဖိထားတဲ့ လက်ကိုလွှတ်လိုက်ပါ။

(၂) Siri ကို စာရိုက်ပြီး သုံးခြင်း

Settings > Accessibility > Siri မှာ Type to Siri ကို enable လုပ်ပြီးတာနဲ့ Siri ကို စာရိုက်ပြီး သုံးနိုင်ပါပြီ။

(၃) စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Control Center

ဒီဇိုင်းပြင်ဆင်ထားတဲ့ Control Center က iOS 11 ရဲ့ အရေးပါဆုံး feature တွေထဲက တစ်ခုဖြစ်ပါတယ်။ Settings > Control Center မှာ action တွေကို add နဲ့ remove လုပ်ပြီး Control Center ကို စိတ်ကြိုက်ပြင်ဆင်ပြောင်းလဲနိုင်ပါပြီ။

(၄) Screen Recording

Control Center မှာ ထည့်သွင်းနိုင်တဲ့ action တွေထဲမှာ Screen Recording ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Settings > Control Center မှာ Screen Recording ကို add လုပ်တာက ဒီ feature ကို enable လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ Screen Recording feature ကိုနှိပ်လိုက်တဲ့အခါ ဖုန်း screen ကို record စလုပ်ပါလိမ့်မယ်။ Record လုပ်တာကို ရပ်မယ်ဆိုရင် ထိပ်ဘက်က အပြာရောင်ဘားကို နှိပ်ရပါမယ်။ ဗီဒီယိုဖိုင်ကိုတော့ Photos app မှာ သိမ်းဆည်းပေးပါတယ်။

(၅) လက်တစ်ဖက်တည်းနဲ့သုံးနိုင်မယ့် Keyboard

iOS 11 မှာ iPhone 6 နဲ့အထက်အတွက် one-handed mode ပါဝင်လာပါတယ်။ Keyboard ပေါ်က ကမ္ဘာလုံး icon ကိုနှိပ်ပြီး ဖိထားတဲ့ခါ one-handed mode ကို တွေ့ရပါမယ်။

(၆) Unified Notifications

အခုအခါမှာ notification အားလုံးကို Lock Screen ပေါ်ကနေ ကြည့်နိုင်ပါပြီ။ နေရာလွတ်မှာ အပေါ်ကို swipe လုပ်ပြီး Notification တွေကို ကြည့်နိုင်ပါတယ်။

(၇) Flick Keys (iPad)

iPad Pro ပေါ်မှာ အက္ခရာပြောင်းလဲရိုက်နှိပ်ဖို့အတွက် ဘယ်ခလုတ်ကိုမဆို swipe down လုပ်ပြီး အလျင်အမြန်ရိုက်နိုင်ပါတယ်။

(၈) ဒီဇိုင်းပြောင်းလဲထားတဲ့ Storage Management Tab

Storage and Cloud Usage tab ကို အခုအခါ iPhone Storage ဆိုပြီး အမည်ပေးထားပါတယ်။ iPhone Storage ကို နှိပ်လိုက်တဲ့အခါ ထိပ်ဘက်မှာ storage bar တစ်ခုကို တွေ့ရပါမယ်။ ဒါ့အပြင် အသုံးပြုထားတဲ့ storage space အပေါ်မူတည်ပြီး app တွေကို ဖော်ပြထားပါတယ်။ App ကို နောက်ဆုံးအသုံးပြုထားတဲ့အချိန်ကိုလည်း တွေ့မြင်နိုင်ပါတယ်။

(၉) မသုံးတဲ့ app တွေကို အလိုအလျောက် Uninstall လုပ်ခြင်း

Storage နည်းနေတဲ့အခါ app အဟောင်းတွေကို အလိုအလျောက် uninstall လုပ်ပေးမယ့် option သစ်တစ်ခုကို iPhone Storage section မှာ ထည့်သွင်းထားပါတယ်။ ဒီလုပ်ဆောင်ချက်က app ကိုပဲ uninstall လုပ်မှာဖြစ်တဲ့အတွက် app data နဲ့ document တွေကို သိမ်းဆည်းပေးထားမှာဖြစ်ပါတယ်။

(၁၀) စာလုံးတွေကို Bold လုပ်ထားခြင်း

iOS 11 ရဲ့ အသေးစား ဒီဇိုင်းအပြောင်းအလဲတစ်ခုအနေနဲ့ Phone app ကနေ Notes app အထိ စာလုံးတွေကို bold လုပ်ထားပါတယ်။

(၁၁) Siri နဲ့ Search Setting တွေကို ပေါင်းစည်းခြင်း

Settings ထဲမှာ Siri နဲ့ Search section တွေကို ပေါင်းစည်းထားတဲ့ Siri & Search section သစ်တစ်ခု ပါဝင်လာပါတယ်။

(၁၂) Accounts and Passwords section သစ်

Accounts & Passwords section သစ်က iCloud နဲ့ Mail account အားလုံးကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် authenticating လုပ်ပြီးတဲ့နောက် Keychain မှာသိမ်းထားတဲ့ password တွေကို ကြည့်နိုင်ပါတယ်။

(၁၃) Safari မှာ cross-site tracking ကို ကာကွယ်ထားခြင်း

Settings ထဲက Safari section မှာ Try to Prevent Cross-Site Tracking လို့ခေါ်တဲ့ toggle သစ်တစ်ခု ပါဝင်လာပါတယ်။ ဒီ feature ကို default အနေနဲ့ enable လုပ်ထားပါတယ်။

(၁၄) Emergency SOS

iOS 11 မှာ သုံးစွဲသူအားလုံးအတွက် Emergency SOS ကို ထည့်သွင်းပေးထားပါတယ်။ သုံးစွဲသူက Sleep/Wake ခလုတ်ကို ငါးကြိမ် ခပ်မြန်မြန်နှိပ်လိုက်တဲ့အခါ Auto Call feature က သက်ဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှု ဖုန်းနံပါတ်ကို အလိုအလျောက် ခေါ်ဆိုပေးပါလိမ့်မယ်။

(၁၅) QR Code တွေကို scan လုပ်ခြင်း

iOS 11 မှာပါတဲ့ Camera app ဟာ QR code တွေကို အလိုအလျောက် scan လုပ်ပေးနိုင်ပါတယ်။ သုံးစွဲသူတွေက ကင်မရာကို QR code တစ်ခုပေါ်မှာ ချိန်လိုက်ရုံနဲ့ အသုံးပြုနိုင်ပါတယ်။

(၁၆) Third Party app တွေအတွက် Password Autofill

Password အလိုအလျောက်ဖြည့်စွက်ရန် third party integration အတွက် option ကို iOS 11 မှာ ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် မကြာခင်မှာ 1Password integration ကို တွေ့မြင်ရဖို့ရှိပါတယ်။

(၁၇) AirPods Settings

AirPod ရဲ့ ဘယ်ညာနှစ်ဖက်စလုံးအတွက် double tap gesture ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါပြီ။ ဒါကြောင့် နားကြပ်တစ်ဖက်ကို Siri သုံးဖို့အတွက် သတ်မှတ်ထားနိုင်သလို ကျန်တစ်ဖက်ကို Play/Pause အတွက် သတ်မှတ်ထားနိုင်ပါတယ်။

(၁၈) iCloud Photo Library Sync ကို ထိန်းချုပ်ခြင်း

iOS 11 မှာ သုံးစွဲသူတွေအတွက် iCloud Photo Library ထိန်းချုပ်မှုအချို့ ထောက်ပံ့ပေးထားပါတယ်။ Transfer လုပ်ငန်းစဉ် အလိုအလျောက် ရပ်သွားတဲ့အခါမှာ sync ကို manual resume လုပ်မယ့် option တစ်ခု ပါဝင်လာပါတယ်။

(၁၉) Automatic Setup

iPhone သစ်တစ်လုံးကို upgrade လုပ်တဲ့လုပ်ငန်းစဉ်ကို iOS 11 က ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးနိုင်ပါတယ်။ Setup လုပ်နေတဲ့အခါ Automatic Setup feature ကိုသုံးပြီး password တွေ၊ message တွေနဲ့ app တွေလို အချက်အလက်တွေကို tranfer လုပ်ပေးမှာဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဖို့အတွက် setup လုပ်နေစဉ်မှာ iPhone အဟောင်းကို iPhone အသစ်နားမှာ ထားလိုက်ရုံပါပဲ။

(၂၀) Recent Documents အတွက် App Icon ကို ခပ်ကြာကြာဖိခြင်း (iPad)

ဒီလုပ်ဆောင်ချက်ကတော့ ဖိုင်တွေနဲ့ သက်ဆိုင်တဲ့ productivity app တွေမှာပဲ အလုပ်လုပ်ပါတယ်။ App icon ပေါ်မှာ ခပ်ကြာကြာဖိထားတဲ့အခါ recent ဖိုင်တွေကို ပြသပေးမယ့် widget ပုံစံ popup တစ်ခုကို တွေ့မြင်ရပါမယ်။

(၂၁) iCloud Drive နေရာမှာအစားထိုးထားတဲ့ Files app

iOS 11 မှာ Apple က iCloud Drive app ကို ဖယ်ရှားထားပါတယ်။ အဲ့ဒီအစား Files app ကို ထည့်သွင်းပေးထားပါတယ်။ Files app က local ဖိုင်တွေပါဝင်တဲ့ iCloud Drive ကို ပိုကောင်းတဲ့ ဒီဇိုင်းဗားရှင်းနဲ့ ပြုလုပ်ထားတာဖြစ်ပြီး Dropbox လို third-party cloud storage ဝန်ဆောင်မှုတွေမှာ သိမ်းဆည်းထားတဲ့ ဖိုင်တွေကို အလွယ်တကူကြည့်ရှုအသုံးပြုနိုင်ပါတယ်။

(၂၂) မိသားစုနဲ့ ဝေမျှသုံးနိုင်မယ့် iCloud Storage

200GB ထက်ကျော်တဲ့ iCloud Storage plan ကို ဝယ်ထားတယ်ဆိုရင် Family Sharing account member တွေနဲ့အတူ storage space ကို ခွဲဝေသုံးစွဲနိုင်ပါတယ်။

(၂၃) FaceTime ခေါ်ဆိုမှုလုပ်နေစဉ် Live Photo များရိုက်ကူးခြင်း

FaceTime settings မှာ FaceTime Live Photos လို့ခေါ်တဲ့ toggle သစ်တစ်ခု ပါဝင်ပါတယ်။ ဒီ feature ဟာ FaceTime call လုပ်နေစဉ်အတွင်း animated Live Photo ကို ဖမ်းယူပြီး Photos app မှာ အလိုအလျောက် သိမ်းဆည်းပေးမှာဖြစ်ပါတယ်။

(၂၄) ဒီဇိုင်းပြောင်းထားတဲ့ Calculator app

iOS 11 မှာ calculator app ရဲ့ icon နဲ့ app UI ဒီဇိုင်းကို ပြောင်းလဲထားပါတယ်။ App ထဲက ခလုတ်တွေကလည်း Phone app ထဲက keypad တွေနဲ့ ပိုတူလာပါတယ်။

(၂၅) Smart Invert

Accessibility -> Display Accommodations -> Invert Colors ထဲမှာ Smart Invert ဆိုတဲ့ option သစ်တစ်ခု ပါဝင်လာပါတယ်။ ဒီ feature ဟာ UI element တွေရဲ့ အရောင်တွေကို ပြောင်းလဲပေးမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီ feature က Dark mode နဲ့ အလွန်တူပါတယ်။

-နောင်နောင်
Ref: iPhoneHacks

No comments:

Post a Comment