Monday, June 5, 2017

“Samsung Galaxy S8”



S8 ရဲ႕ ၅.၈ လက္မအရြယ္ ႀကီးမားက်ယ္ျပန္႔ၿပီး ရွည္လ်ားတဲ့ Display အသစ္ကုိေတာ့ Infinity Display လုိ႕ Samsung ကအမည္ ေပးထား ပါတယ္။ Super AMOLED Display ကုိ အသုံးျပဳထားၿပီး Screen Resolution အေနနဲ႔ 1440 x 2960 pixels ျဖစ္ပါတယ္။ တစ္လက္မမွာ ရွိမယ့္ pixel ပမာဏသိပ္သည္းဆကေတာ့ 570ppi ပါ။ ဖုန္း Screen မ်က္ႏွာျပင္နဲ႔ေနာက္ဘက္ျခမ္း ကုိယ္ထည္ကို အၾကမ္းဒဏ္အလြန္ခံႏိုင္တဲ့ Gorilla Glass 5 ဖန္သားျပင္နဲ႔ ဖုံးအုပ္ထားပါတယ္။ ကင္မရာပုိင္းအေနနဲ႔ ဖုန္းရဲ႕ေနာက္ဘက္ျခမ္း အဓိက,ကင္မရာက 12 MP (f/1.7, 26mm, phase detection autofocus, OIS, LED flash)နဲ႔ ဖုန္းရဲ႕ ေရွ႕ဘက္ျခမ္း Selfie Camera က 8 MP (f/1.7, autofocus, dual video call, Auto HDR)  အရည္အေသြးရွိ Camera ေတြျဖစ္ပါတယ္။ 4K Video ေတြကုိ လည္း ႐ုိက္ကူးႏိုင္ပါတယ္။ Samsung ဟာ မ်က္ႏွာျပင္ပိုင္းအတြက္ အထူးဂ႐ုစိုက္ထားတာကို ေတြ႕ရမွာျဖစ္ပါတယ္။သာမန္ဖုန္းေတြ ကိုင္တြယ္ရတာနဲ႔ လုံး၀ကြဲျပားတဲ့ျမင္ကြင္းကို ခံစားရမွာျဖစ္ၿပီး ရွင္းလင္း ပီသတဲ့ ႐ုပ္ထြက္ပိုင္းနဲ႔ သုံးႏိုင္ပါလိမ့္မယ္။

ဖုန္းကုိအသံနဲ႔အမိန္႔ေပးေစခုိင္း၊ သိလုိရာေမးႏုိင္မယ့္ Bixby လုိ႕ေခၚတဲ့ Virtual Assistant လည္းပါ၀င္လာပါၿပီ။ Bixby ဟာ Samsung ရဲ႕ နည္းပညာအသစ္ျဖစ္ၿပီး Google ရဲ႕ Google Assistant နဲ႔ Apple ရဲ႕ Siri တုိ႔ကုိယွဥ္ၿပိဳင္မယ့္ နည္းပညာသစ္ျဖစ္ပါတယ္။ မွတ္ဥာဏ္ ပမာဏအပုိင္း တြင္ RAM ကုိ 4GB ထည့္သြင္းေပးထားၿပီး ဖုန္းတြင္း အခ်က္အလက္ သိမ္းဆည္းႏုိင္စြမ္းအတြက္ 64GB ပါ၀င္ပါတယ္။ System ပုိင္းအေနနဲ႕ Android 7.0 ကုိ အသုံးျပဳထားပါတယ္။ သြက္လက္ ျမန္ဆန္တဲ့ လုပ္ေဆာင္ႏုိင္မႈေတြျပဳလုပ္ေပးဖို႔ ပ႐ိုဆက္ဆာပုိင္းအေနနဲ႔ Exynos 8895 Octa Processor ကုိအသုံးျပဳထားပါတယ္။ US မွာ ေရာင္းခ်မယ့္ S8 ေတြကေတာ့ Snapdragon 835 Processor နဲ႔ျဖစ္ပါမယ္။ မ်ိဳးဆက္သစ္ S series ဖုန္းေတြမွာ Home Button လုံး၀မပါ၀င္ေတာ့တာ ေတာ့မဟုတ္ဘဲ Home, back, multitasking နဲ႔ပတ္သက္တဲ့လုပ္ ေဆာင္ခ်က္ Button 3 ခုကုိေတာ့ ဖုန္းရဲ႕ေအာက္ေျခ Screen ဖန္သားျပင္ ရဲ႕ေအာက္ထဲမွာ pressure sensitive button အေနနဲ႔ ထည့္သြင္းထားၿပီး ဒီနည္းပညာကုိေတာ့ Samsung က Invisible Home Button လုိ႕ အမည္ ေပးထားပါတယ္။

Samsung ဟာ မ်က္ႏွာစကန္စနစ္ထည့္သြင္းေပးထားပါတယ္။ သင့္အေန နဲ႔ဖုန္းေရွ႕မွာ မ်က္ႏွာထားလိုက္႐ံုျဖင့္ ဖုန္းကိုဖြင့္ႏုိင္ပါမယ္။ ဖုန္းလံုၿခံဳ ေရးအတြက္ ပုိမိုစိတ္ခ်ရလာေစပါတယ္။ မ်က္ႏွာစကန္စနစ္ကလည္း အလြန္လ်င္ျမန္လွပါတယ္။ ဘက္ထရီပုိင္းအေနနဲ႕ Galaxy S8 မွာ 3000mAh ပါ၀င္ပါတယ္။ Samsung Galaxy S8 ကုိ Midnight Black, Orchid Gray, Arctic Silver, Coral Blue, Maple Gold စတဲ့ အေရာင္ ၅ မ်ိဳးနဲ႔ ထုတ္လုပ္ထားပါတယ္။

<Specifications>

Network - 2G, 3G, 4G
Processor - Octa-Core
Screen - 5.8 inches
Camera - 12MP
Bluetooth - v5.0
Storage - 64GB
OS - Android OS, v7.0
Contact - 09-73171213

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

*****************************************
*****************************************
(Unicode Version)

“Samsung Galaxy S8”

S8 ရဲ့ ၅.၈ လက်မအရွယ် ကြီးမားကျယ်ပြန့်ပြီး ရှည်လျားတဲ့ Display အသစ်ကိုတော့ Infinity Display လို့ Samsung ကအမည် ပေးထား ပါတယ်။ Super AMOLED Display ကို အသုံးပြုထားပြီး Screen Resolution အနေနဲ့ 1440 x 2960 pixels ဖြစ်ပါတယ်။ တစ်လက်မမှာ ရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 570ppi ပါ။ ဖုန်း Screen မျက်နှာပြင်နဲ့နောက်ဘက်ခြမ်း ကိုယ်ထည်ကို အကြမ်းဒဏ်အလွန်ခံနိုင်တဲ့ Gorilla Glass 5 ဖန်သားပြင်နဲ့ ဖုံးအုပ်ထားပါတယ်။ ကင်မရာပိုင်းအနေနဲ့ ဖုန်းရဲ့နောက်ဘက်ခြမ်း အဓိက,ကင်မရာက 12 MP (f/1.7, 26mm, phase detection autofocus, OIS, LED flash)နဲ့ ဖုန်းရဲ့ ရှေ့ဘက်ခြမ်း Selfie Camera က 8 MP (f/1.7, autofocus, dual video call, Auto HDR)  အရည်အသွေးရှိ Camera တွေဖြစ်ပါတယ်။ 4K Video တွေကို လည်း ရိုက်ကူးနိုင်ပါတယ်။ Samsung ဟာ မျက်နှာပြင်ပိုင်းအတွက် အထူးဂရုစိုက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။သာမန်ဖုန်းတွေ ကိုင်တွယ်ရတာနဲ့ လုံးဝကွဲပြားတဲ့မြင်ကွင်းကို ခံစားရမှာဖြစ်ပြီး ရှင်းလင်း ပီသတဲ့ ရုပ်ထွက်ပိုင်းနဲ့ သုံးနိုင်ပါလိမ့်မယ်။

ဖုန်းကိုအသံနဲ့အမိန့်ပေးစေခိုင်း၊ သိလိုရာမေးနိုင်မယ့် Bixby လို့ခေါ်တဲ့ Virtual Assistant လည်းပါ၀င်လာပါပြီ။ Bixby ဟာ Samsung ရဲ့ နည်းပညာအသစ်ဖြစ်ပြီး Google ရဲ့ Google Assistant နဲ့ Apple ရဲ့ Siri တို့ကိုယှဉ်ပြိုင်မယ့် နည်းပညာသစ်ဖြစ်ပါတယ်။ မှတ်ဉာဏ် ပမာဏအပိုင်း တွင် RAM ကို 4GB ထည့်သွင်းပေးထားပြီး ဖုန်းတွင်း အချက်အလက် သိမ်းဆည်းနိုင်စွမ်းအတွက် 64GB ပါ၀င်ပါတယ်။ System ပိုင်းအနေနဲ့ Android 7.0 ကို အသုံးပြုထားပါတယ်။ သွက်လက် မြန်ဆန်တဲ့ လုပ်ဆောင်နိုင်မှုတွေပြုလုပ်ပေးဖို့ ပရိုဆက်ဆာပိုင်းအနေနဲ့ Exynos 8895 Octa Processor ကိုအသုံးပြုထားပါတယ်။ US မှာ ရောင်းချမယ့် S8 တွေကတော့ Snapdragon 835 Processor နဲ့ဖြစ်ပါမယ်။ မျိုးဆက်သစ် S series ဖုန်းတွေမှာ Home Button လုံးဝမပါ၀င်တော့တာ တော့မဟုတ်ဘဲ Home, back, multitasking နဲ့ပတ်သက်တဲ့လုပ် ဆောင်ချက် Button 3 ခုကိုတော့ ဖုန်းရဲ့အောက်ခြေ Screen ဖန်သားပြင် ရဲ့အောက်ထဲမှာ pressure sensitive button အနေနဲ့ ထည့်သွင်းထားပြီး ဒီနည်းပညာကိုတော့ Samsung က Invisible Home Button လို့ အမည် ပေးထားပါတယ်။

Samsung ဟာ မျက်နှာစကန်စနစ်ထည့်သွင်းပေးထားပါတယ်။ သင့်အနေ နဲ့ဖုန်းရှေ့မှာ မျက်နှာထားလိုက်ရုံဖြင့် ဖုန်းကိုဖွင့်နိုင်ပါမယ်။ ဖုန်းလုံခြုံ ရေးအတွက် ပိုမိုစိတ်ချရလာစေပါတယ်။ မျက်နှာစကန်စနစ်ကလည်း အလွန်လျင်မြန်လှပါတယ်။ ဘက်ထရီပိုင်းအနေနဲ့ Galaxy S8 မှာ 3000mAh ပါ၀င်ပါတယ်။ Samsung Galaxy S8 ကို Midnight Black, Orchid Gray, Arctic Silver, Coral Blue, Maple Gold စတဲ့ အရောင် ၅ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

<Specifications>

Network - 2G, 3G, 4G
Processor - Octa-Core
Screen - 5.8 inches
Camera - 12MP
Bluetooth - v5.0
Storage - 64GB
OS - Android OS, v7.0
Contact - 09-73171213

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment