Sunday, June 4, 2017
သံစဉ်ချို
------------------------------------------------------------------------------------------------------------------------------------------------------
(Unicode Version)
" Facebook မှာ ဓာတ်ပုံများသာမက  မိမိတင်သည့် မည်သည့်ပို့စ်မဆို Album တွင် ထည့်နိုင်ပြီ "
----------------
Facebook က ဗွီဒီယိုများ၊ check-in များ၊ စာသားပို့စ်များ၊ follow လုပ်ထားသည့် friend Album များကို Photo Album တွင် ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် သူတို့တင်တဲ့ update တွေနဲ့ feature album တွေကို သင့်ရဲ့ profile ပေါ်မှာ သင့်ရဲ့ favorite collection တွေကို မြင်တွေ့ရတဲ့အခါ သင်လည်း noti တွေကို ရရှိမှာပါ။ Facebook က ပို့စ်တင်တဲ့သူတွေပူးပေါင်းထားတဲ့ album ထဲကို ပို့စ်တင်တာတွေ ရိုးရှင်းစွာပြုလုပ်နိုင်ရန် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကို 2013 က ပြုလုပ်ခဲ့တဲ့အပေါ်မှာပဲ ရွေးချယ်ခဲ့ပေမယ့် ဒီအပေါ်မှာ နက်နက်နဲနဲ နှစ်မြှုပ်ထားတာပါ။ ဒီ update ကိုတော့ Android နဲ့ ဝက်ဘ်တွေမှာ ဒီနေ့ကစပြီး အသုံးပြုနိုင်ပြီးတော့ iOS အတွက်တော့ မကြာခင်မှာ ထွက်ရှိမယ်လို့ ဆိုပါတယ်။ Facebook က ဒီ album ကို update လုပ်ရတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ “ မကြာခင်က လှိုင်းလုံးစီးတဲ့ခရီး သွားခဲ့သလား? လှိုင်းစီးတဲ့ ဗွီဒီယိုတွေက Share ခြင်း၊ ကိုယ်သွားတဲ့နေရာတွေကို check-in ပြုလုပ်ခြင်း၊ လှေပေါ်မှာ ရိုက်ထားတဲ့ပုံတွေအားလုံးကို album တစ်ခုတည်းမှာပဲ ရေးပြီးတင်နို်င်ဖို့အတွက် ” ရည်ရွယ်ပါတယ်လို့ TechCruch ကို ပြောခဲ့ပါတယ်။ ဒီ album တွေက Facebook ကို Google ဓာတ်ပုံများမှ ခွန်အားအသစ်တွေကို ဆန့်ကျင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။ Google မှာ သင်တို့ရဲ့ဓာတ်ပုံတွေအားလုံးကို အခမဲ့သိမ်းထားလို့ရပြီး သူတို့နဲ့ share လုပ်ထားတာတွေ၊ close friend တွေ၊ မိသားစုနဲ့ ပုံတွေကို အလိုအလျောက် share တာတွေကို ရှာဖွေနိုင်ပြီး စက်မှာလည်း အသုံးပြုနေပြီး keyword နဲ့ သင်ရဲ့ library မှာလည်း ရှာဖို့ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို  facebook ရဲ့ photo sharing app မှာ မကြာခင်အတွင်း ရရှိပါလိမ့်မယ်။ Facebook က ဒီ update ဗားရှင်းနဲ့ album မှာ ဓာတ်ပုံတွေပဲ သိမ်းထားတာထက် မတူညီတဲ့အရာတွေ ကိုယ်ကိုယ်တိုင် တစ်စုတစ်စည်းပြုလုပ်ရန် မျှော်လင့်ပါတယ်။ Google က G+ လဲပြိုသွားခဲ့ပါတယ်။
လုပ်ဆောင်ချက်အသစ်တွေနဲ့ Facebook က ကိုယ်ရေးသားထား၊ မှတ်သားထားတာတွေ အားလုံးပါဝင်တဲ့ Digital scrapbook ဖန်တီးဖို့ ခွင့်ပြုထားတာပါ။ Facebook က Google မှာ လုပ်တဲ့နည်းလမ်းအတိုင်း photo book တွေကို ဝယ်တာ၊ ပရင့်ထုတ်တာ၊ ဖန်တီးတာ စတာတွေကို ခွင့်ပြုလိမ့်မလားဆိုတဲ့ မေးခွန်းတွေတော့ မြင့်တက်လာပါတယ်။
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
No comments:
Post a Comment