Saturday, June 3, 2017

iPhone တြင္ Facebook အသံုးျပဳျခင္းမွ ဘက္ထရီစားသက္သာေစဖို႔နည္းလမ္းမ်ား ======================


လူတိုင္း Facebook social app ကိုႏွစ္ခ်ိဳက္စြာသံုးစြဲေနၾကပါတယ္။ ဖုန္းရဲ႕ internet သံုးမႈပမာဏ battery သံုးစြဲမႈေတြမ်ား အမ်ားဆံုးအသံုးျပဳတာက Facebook App ပဲျဖစ္မွာပါ။
Facebook သံုးစြဲျခင္းမွ iPhone Battery အစားသက္သာေစမယ့္ နည္းလမ္းအခ်ိဳ႕ကို iSure မွ မွ်ေဝေပးလိုက္ပါတယ္။

1) Facebook အတြက္ Location Services ကိုပိတ္ထားပါ။
Facebook အတြက္ location service ကိုဖြင့္ထားမယ္ဆို Facebook ဖြင့္တိုင္း location ကိုအသံုးျပဳေနမွာျဖစ္တဲ့အတြက္ location မွာ facebook ကို ပိတ္ထားဖို႔လိုပါတယ္။
ဘယ္လိုပိတ္ရမလဲဆုိေတာ့ ( Setting >> Privacy and Location Services >> Facebook ) ကို disable ျပဳလုပ္ေပးပါ။

2) Facebook အတြက္ Background app refresh ကို ပိတ္ထားပါ။
Background App Refresh ေတြဟာလည္း ပိတ္ထားဖို႔လိုပါတယ္။ အားလံုးမပိတ္ဖူးဆိုရင္ေတာင္ facebook ကိုေတာ့ ပိတ္ထားလိုက္ပါ။
( Setting >> General >> Background App Refresh >> Facebook ) ကို disable ျပဳလုပ္ပါ။

3) Facebook Video Auto Play ကို ပိတ္ပါ။
Facebook Video ေတြ Auto Play ျဖစ္ေနမယ္ဆို internet data သံုးစြဲမႈလည္းမ်ားလို႔ ပိုက္ပိုက္ပိုကုန္သလို battery လည္းအရမ္းစားပါတယ္။ မလိုအပ္ပဲ Auto play ျဖစ္မေနေအာင္ ပိတ္ထားပါ။
( Facebook >> Setting >> Account Settings >> Videos and Photos >> Autoplay ) တြင္ Never Autoplay Videos ကို အမွန္ျခစ္ထားေပးပါ။

4) iPhone ရဲ႕ Notifications တြင္ Facebook noti ေတြကို ပိတ္ေပးပါ။
iPhone ရဲ႕ Notifications တြင္ faebook မွ noti ေတြ တက္လာတာကိုလည္း ပိတ္ထားေပးဖို႔လိုအပ္ပါတယ္။
( Setting >> Notifications >> Facebook ) ေအာက္မွ Facebook ကို disable ျပဳလုပ္ေပးပါ။

5) Facebook App ကို Reinstall ျပဳလုပ္ေပးပါ။
Facebook App ကို Reinstall ျပဳလုပ္ေပးလိုက္ပါ။ screen ေပၚက facebook app ကို စကၠန္႔အနည္းငယ္ဖိထားၿပီး unstall ျပဳလုပ္၍ App Store မွ Facebook App အသစ္ကို ျပန္လည္ထည့္သြင္းေပးလိုက္ပါ။

6) အသံုးမလိုတဲ့အခ်ိန္ Facebook App ကို ပိတ္ထားပါ။
Facebook app ကို မိမိကမသံုးေပမယ့္လည္း ေနာက္ကြယ္မွာ run ေနတာမ်ိဳးရွိေနပါတယ္။ Home buttom ကို (၂)ခ်က္ႏွိပ္ပါ။ App Switcher ေပၚလာတဲ့အခါ facebook ကို လက္ျဖင့္အေပၚဆြဲတင္၍ ပိတ္ေပးပါ။

7) Facebook ကို Safari browser ျဖင့္အသံုးျပဳေပးပါ။
Facebook ကို Safari Browser ျဖင့္ အသံုးျပဳျခင္းဟာ Battery စားသက္သာပါတယ္။ စမ္းသပ္ခ်က္မ်ားအရ 15% ႏႈန္းေလာက္ အနည္းဆံုးသက္သာတယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ iPhone မွာ Facebook app ကို အၿပီးအစီး uninstall ျပဳလုပ္ၿပီး Safari browser ကေနအသံုးျပဳေပးျခင္းဟာ facebook ေၾကာင့္ battery drain ျဖစ္ျခင္းက သက္သာေစပါလိမ့္မယ္။

8) တျခား third-party app ကိုအသံုးျပဳေပးပါ။
Facebook App အစား Third-party app တစ္ခုျဖင့္ facebook ကိုအသံုးျပဳႏုိင္ပါတယ္။ Friendly Social (https://goo.gl/lpTSjp) ကို အသံုးျပဳမယ္ဆိုရင္တာ့ faebook အေကာင့္ေတြ အမ်ားႀကီးကိုလည္း တျပဳိင္တည္း လြယ္ကူအဆင္ေျပစြာ အသံုးျပဳႏိုင္မွာျဖစ္သလို အေရးႀကီး features ေတြလည္း Facebook App မွာလို အစံုအလင္အသံုးျပဳႏုိင္မွာပါ။

iSure သည္ warranty မရွိေတာ့သည့္ မည္သည့္ Apple Device အတြက္ကိုမဆို Original grade quality spare parts မ်ားကို အသံုးျပဳ၍ ကၽြမ္းက်င္ Technician မ်ားကိုတိုင္ ျပဳျပင္ေဆာင္ရြက္ေပးေနပါသည္။ Free Diagnostic ရယူရန္လည္း Services ရွိရာဌာနသို႔ အခ်ိန္မေရြးၾကြခဲ့ႏိုင္ပါတယ္ဗ်ာ။ ****
*******
Warranty ကာလအတြင္း Error ျဖစ္ေသာ Apple Device မ်ားအတြက္ကိုေတာ့ iSure မွ Apple warranty service ကိုသာ အသံုးျပဳသြားျဖစ္ပါတယ္။ ဖြင့္၍ ျပဳျပင္ျခင္း လံုးဝျပဳလုပ္ေပးမည္မဟုတ္ပါ။ ****
မိတ္ေဆြမ်ား ကာယသုခ၊ စိတၱသုခဟူေသာ ႏွစ္ျဖာေသာသုခ ျပည့္ဝၾကပါေစဗ်ာ ..

iSure
❖Hotline : 09264441607 / 09264441608

=====================

iPhone တွင် Facebook အသုံးပြုခြင်းမှ ဘက်ထရီစားသက်သာစေဖို့နည်းလမ်းများ
===========================
လူတိုင်း Facebook social app ကိုနှစ်ချိုက်စွာသုံးစွဲနေကြပါတယ်။ ဖုန်းရဲ့ internet သုံးမှုပမာဏ battery သုံးစွဲမှုတွေများ အများဆုံးအသုံးပြုတာက Facebook App ပဲဖြစ်မှာပါ။
Facebook သုံးစွဲခြင်းမှ iPhone Battery အစားသက်သာစေမယ့် နည်းလမ်းအချို့ကို iSure မှ မျှဝေပေးလိုက်ပါတယ်။

1) Facebook အတွက် Location Services ကိုပိတ်ထားပါ။
Facebook အတွက် location service ကိုဖွင့်ထားမယ်ဆို Facebook ဖွင့်တိုင်း location ကိုအသုံးပြုနေမှာဖြစ်တဲ့အတွက် location မှာ facebook ကို ပိတ်ထားဖို့လိုပါတယ်။
ဘယ်လိုပိတ်ရမလဲဆိုတော့ ( Setting >> Privacy and Location Services >> Facebook ) ကို disable ပြုလုပ်ပေးပါ။

2) Facebook အတွက် Background app refresh ကို ပိတ်ထားပါ။
Background App Refresh တွေဟာလည်း ပိတ်ထားဖို့လိုပါတယ်။ အားလုံးမပိတ်ဖူးဆိုရင်တောင် facebook ကိုတော့ ပိတ်ထားလိုက်ပါ။
( Setting >> General >> Background App Refresh >> Facebook ) ကို disable ပြုလုပ်ပါ။

3) Facebook Video Auto Play ကို ပိတ်ပါ။
Facebook Video တွေ Auto Play ဖြစ်နေမယ်ဆို internet data သုံးစွဲမှုလည်းများလို့ ပိုက်ပိုက်ပိုကုန်သလို battery လည်းအရမ်းစားပါတယ်။ မလိုအပ်ပဲ Auto play ဖြစ်မနေအောင် ပိတ်ထားပါ။
( Facebook >> Setting >> Account Settings >> Videos and Photos >> Autoplay ) တွင် Never Autoplay Videos ကို အမှန်ခြစ်ထားပေးပါ။

4) iPhone ရဲ့ Notifications တွင် Facebook noti တွေကို ပိတ်ပေးပါ။
iPhone ရဲ့ Notifications တွင် faebook မှ noti တွေ တက်လာတာကိုလည်း ပိတ်ထားပေးဖို့လိုအပ်ပါတယ်။
( Setting >> Notifications >> Facebook ) အောက်မှ Facebook ကို disable ပြုလုပ်ပေးပါ။

5) Facebook App ကို Reinstall ပြုလုပ်ပေးပါ။
Facebook App ကို Reinstall ပြုလုပ်ပေးလိုက်ပါ။ screen ပေါ်က facebook app ကို စက္ကန့်အနည်းငယ်ဖိထားပြီး unstall ပြုလုပ်၍ App Store မှ Facebook App အသစ်ကို ပြန်လည်ထည့်သွင်းပေးလိုက်ပါ။

6) အသုံးမလိုတဲ့အချိန် Facebook App ကို ပိတ်ထားပါ။
Facebook app ကို မိမိကမသုံးပေမယ့်လည်း နောက်ကွယ်မှာ run နေတာမျိုးရှိနေပါတယ်။ Home buttom ကို (၂)ချက်နှိပ်ပါ။ App Switcher ပေါ်လာတဲ့အခါ facebook ကို လက်ဖြင့်အပေါ်ဆွဲတင်၍ ပိတ်ပေးပါ။

7) Facebook ကို Safari browser ဖြင့်အသုံးပြုပေးပါ။
Facebook ကို Safari Browser ဖြင့် အသုံးပြုခြင်းဟာ Battery စားသက်သာပါတယ်။ စမ်းသပ်ချက်များအရ 15% နှုန်းလောက် အနည်းဆုံးသက်သာတယ်လို့ဆိုပါတယ်။ ဒါကြောင့် iPhone မှာ Facebook app ကို အပြီးအစီး uninstall ပြုလုပ်ပြီး Safari browser ကနေအသုံးပြုပေးခြင်းဟာ facebook ကြောင့် battery drain ဖြစ်ခြင်းက သက်သာစေပါလိမ့်မယ်။

8) တခြား third-party app ကိုအသုံးပြုပေးပါ။
Facebook App အစား Third-party app တစ်ခုဖြင့် facebook ကိုအသုံးပြုနိုင်ပါတယ်။ Friendly Social (https://goo.gl/lpTSjp) ကို အသုံးပြုမယ်ဆိုရင်တာ့ faebook အကောင့်တွေ အများကြီးကိုလည်း တပြိုင်တည်း လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်သလို အရေးကြီး features တွေလည်း Facebook App မှာလို အစုံအလင်အသုံးပြုနိုင်မှာပါ။

iSure သည် warranty မရှိတော့သည့် မည်သည့် Apple Device အတွက်ကိုမဆို Original grade quality spare parts များကို အသုံးပြု၍ ကျွမ်းကျင် Technician များကိုတိုင် ပြုပြင်ဆောင်ရွက်ပေးနေပါသည်။ Free Diagnostic ရယူရန်လည်း Services ရှိရာဌာနသို့ အချိန်မရွေးကြွခဲ့နိုင်ပါတယ်ဗျာ။ ****
*******
Warranty ကာလအတွင်း Error ဖြစ်သော Apple Device များအတွက်ကိုတော့ iSure မှ Apple warranty service ကိုသာ အသုံးပြုသွားဖြစ်ပါတယ်။ ဖွင့်၍ ပြုပြင်ခြင်း လုံးဝပြုလုပ်ပေးမည်မဟုတ်ပါ။ ****
မိတ်ဆွေများ ကာယသုခ၊ စိတ္တသုခဟူသော နှစ်ဖြာသောသုခ ပြည့်ဝကြပါစေဗျာ ..

iSure
❖Hotline : 09264441607 / 09264441608

No comments:

Post a Comment