Saturday, June 3, 2017
iSure
==================
<< Unicode >>
iPhone သုံးစွဲသူများ သတိမထားပဲ ပြုမူမိနေသောအမှားများ
================
iPhone သုံးစွဲသူ အများစုဟာ မိမိတို့ရဲ့ iPhone ဟာ တန်ကြေးမြင့် အသုံးအဆောင်ပစ္စည်းတစ်ခုဆိုတာတော့ လက်ခံကြပါတယ်။
ဒီလိုတန်ကြေးရှိတဲ့ပစ္စည်းတွေကို မိမိရဲ့ရင်သွေးကလေးငယ်လေးလိုသဘောထားပြီး ဂရုတစိုက်အသုံးပြုပေးဖို့တော့လိုပါတယ်။
အဲ့လိုမှ မဟုတ်ရင် မိမိရဲ့ မမှားသင့်တဲ့ အမှားလေးတွေကနေ ပျက်စီးမှုကြုံလာနိုင်ပါတယ်။
အခု ဖော်ပြပေးမှာကတော့ iPhone သုံးစွဲသူ အတော်များများ မှားလေ့မှားထရှိတဲ့ အမှားတစ်ချို့ပဲဖြစ်ပါတယ်။
၁) Screen Brightness အမြင့်ကြီး မထားမိဖို့လိုအပ်ပါတယ်။ များသောအားဖြင့်တော့ Auto ထားကြပါတယ်။ Screen Brightness ဟာ ဘက်ထရီကို များစွာသုံးစွဲပါတယ်။ မိမိ iPhone ဟာ power အားနည်းနေတဲ့ အချိန်မျိုးတွေမှာ ၎င်း Screen Brightness ကို လိုအပ်သလို အတတ်နိုင်ဆုံး လျှော့ချသုံးစွဲသင့်ပါတယ်။
၂) နောက်ထပ်အမှားတစ်ခုကတော့ တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင်တောင် ကျူးလွန်မိနေတတ်ပါတယ်။ ဒါကတော့ 10% အထိ Battery Low ဖြစ်နေချိန်မှာ သင့် iPhone ကို လုံးဝ အသုံးပြုဖို့ အသင့်တော့ပါဘူး။ ဒီလို အသုံးပြုမှုဟာ iPhone battery သက်တမ်းကို တိုစေပါတယ်။
၃) iPhone ကို Apps အသစ်တွေထည့်ပြီး ပထမဆုံး run တဲ့အချိန်အခါမျိုးတွေမှာ Alert box လေးတွေနဲ့ location service ကို on ပေးပါတို့ camera ကို အသုံးပြုခွင့်ပေးပါတို့ ခွင့်ပြုချက်တောင်းခံတာလေးတွေ ရှိပါတယ်။ တက်လာသမျှ အကုန် OK ဆိုပြီး ခွင့်ပြုပေးဖို့ မလိုအပ်ပါဘူး။ locations services မလိုအပ်တဲ့ Apps မျိုးကို ၎င်း services ဖွင့်ပေးရင် မလိုအပ်တဲ့ services ကပွင့်နေတော့ သင့် battery လည်းပိုကုန်စေမယ်။ ဒါတွေကို push notifications တွေလိုခေါ်ဆိုပြီး တချို့က ဘက်ထရီ မကုန်စေပေမယ့် သင့် အင်တာနက်အသုံးပြုမှုကုန်ကျစရိတ်ပိုများနိုင်ပါတယ်။ Apps အပေါ်မူတည်ပြီး လိုအပ်သလောက်ကိုသာ ခွင့်ပြုပါ။
၄) ဒီအမှားကလည်း ကျွန်တော်လည်း မကြာခဏ ကျူးလွန်မိတဲ့ အမှားလို့ဝန်ခံပါတယ်။ ဒါကတော့ မိမိ iPhone ကို အိပ်ချိန်မှာ တစ်ညလုံး အားသွင်းထားပြီး အိပ်လိုက်မိတာပါ။ ဒါဟာ လုံးဝမပြုမမူသင့်တဲ့ အမှားပါ။ ဖုန်းဟာ 100% အထိအားသွင်းတာလည်း မကောင်းပါဘူး။ ဘက်ထရီသက်တမ်း ကြာရှည်ခံစေဖို့ဆို 20% နဲ့ 80% ကြားအားသွင်းသုံးဖို့ လိုတယ်လို့ ပညာရှင်တွေက အကြံပြုကြပါတယ်။ တစ်ညလုံး အားသွင်းထားတဲ့အတွက် 100% နှုန်းအားအပြည့် သွင်းတာကြာလာပါက ဘက်ထရီသက်တမ်းပိုတိုစေပါတယ်။
၅) တစ်ချို့သုံးစွဲသူတွေဟာ မိမိတို့ iPhone ရဲ့ WiFi တို့ Bluetooth တို့ အမှတ်တမဲ့ပွင့်နေတာမျိုးတွေကိုလည်း ပိတ်လေ့ပိတ်ထမရှိကြပါဘူး။ ဒါဟာ အသုံးမလိုရင် ပိတ်ကိုပိတ်ထားသင့်တဲ့ အရာပါ။ ပိတ်မထားမိရင်တော့ ဘက်ထရီအားအကုန်မြန်ပါလိမ့်မယ်။
၆) Apple Original Charger ကိုပဲ အသုံးပြုပါ။ တစ်ချို့က iPhone တော့ တန်ကြေးကြီးပေးဝယ်ထားတယ်။ Original Charger ပျောက်သွားတဲ့အခါ အလွယ်တကူ အဆင်ပြေမယ့် တွေ့ကရာ charger တွေ ဝယ်သုံးတာမျိုး ၊ ကိုယ့်ဖုန်းနဲ့ ကိုက်ညီမှု့မရှိတဲ့ သူများအားသွင်းကြိုးနဲ့ သွင်းမိတာမျိုး ၊ ကားပေါ်မှာဆို car charger နဲ့သွင်းတမျိုးတွေဟာ အင်မတန် အန္တရယ်ကြီးပါတယ်။ ဒီအမှားကြောင့် ဖုန်းပျက်ဖူးကြတဲ့ သာဓကတွေ အတော်များများရှိပါတယ်။ သတိပြုဆင်ခြင်သင့်ပါတယ်။
မပြုမူသင့်တဲ့ အမှားအတော်များများရှိနေပေမယ့် အထက်ဖော်ပြပါ အမှားတွေကတော့ အများစု မှားလေ့မှားထရှိနေကြတဲ့ အမှားတွေပဲဖြစ်ပါတယ်။ သတိမူပြီးဆင်ခြင်အသုံးပြုမယ်ဆို မိတ်ဆွေတို့ရဲ့ တန်ကြေးမြင့် အသုံးအဆောင်ပစ္စည်းလေးဟာ မမှားသင့်တဲ့အမှားကြောင့် ပျက်စီးခြင်းဖြစ်ပေါ်မှုဘေးမှ ကင်းဝေးနိုင်ပါလိမ့်မယ်ဗျာ။
အားလုံးသော မိတ်ဆွေများ ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေ ....
iSure
For All Apple Users in MYANMAR ..
No(111),Botahtaung Pagoda Road(Lower),Botahtaung,Ygn.
09264441607, 09264441608
Subscribe to:
Post Comments (Atom)
No comments:
Post a Comment