Saturday, June 3, 2017
လက္႐ွိသံုးေနတဲ့ Apple ID Account နဲ႔ပတ္သက္ၿပီး ဘာေတြသိထားဖို႔လိုလဲ
iPhone user ေတာ္ေတာ္မ်ားမ်ား လက္႐ွိသံုးေနတဲ့ Apple Account ရဲ႕ Username နဲ႔ Password သာသိၾကပါတယ္ ဒါက မလံုေလာက္ေသးဘဲ လံုးဝကိုစိတ္မခ်ရတဲ့အေျခအေန ျဖစ္ပါတယ္ သာမန္ iTunes and App Store သာသံုးရင္ေတာ့ ကိစၥမ႐ွိေပမယ့္ iCloud (find my iPhone) သံုးမယ္ ပိုက္ဆံေပးဝယ္ရတဲ့ Paid App ေတြဝယ္မယ္ဆိုရင္ေတာ့ အားလံုးသိထားဖို႔မျဖစ္မေနလိုအပ္ပါတယ္
ကိုယ့္ Apple ID ရဲ႕ Password သာမက Security Question & Answers ၃ ခု၊ ေမြးေန႔၊ Rescue mail ထည့္ထားရင္ Mail နဲ႔ Password, Apple ID ဖြင့္ထားတဲ့ Mail ရဲ႕ Password လည္းသိရန္လိုအပ္ပါတယ္
ဘယ္အေျခအေနမွာဒါေတြအသံုးလိုပါလဲ ???
Apple ID Password ေျပာင္းခ်င္ရင္ လက္႐ွိ Password သိရံုနဲ႔မရပါဘူး Security Question & Answer ၃ ခုမွာ ၂ ခုသိမွရပါမယ္ (Apple ID ဖြင့္ထားတဲ့ Mail Password သိရင္ေတာ့www.iforgot.apple.com ကေန Reset ခ်လို႔လည္းရပါတယ္)
iTunes card ထည့္ၿပီး Paid App ေတြဝယ္မယ္ဆိုရင္ ပထမဆံုးဝယ္မယ့္ Devices (iPhone, iPad, PC, Mac) မွာ Security Question မ်ားေျဖေပးရပါတယ္။ ပထမဆံုး အႀကိမ္ဘဲေျဖေပးရမွာျဖစ္ၿပီး တစ္ႀကိမ္ဝယ္ၿပီးရင္ မေမးေတာ့ပါဘူး ဒါေပမယ့္ အျခား ဖုန္းမွာဝယ္မယ္ဆိုရင္ေတာ့ျပန္ေျဖေပးရမွာျဖစ္ပါတယ္ Security Question မ်ားမမွတ္မိရင္ ထည့္ထားတဲ့ iTune card ဆံုးမွာျဖစ္ပါတယ္ ဒီလိုထည့္ၿပီးမွဆံုးတာေတြလည္း မၾကာခဏေတြ႔ေနရပါတယ္
Security Questions & Answers မ်ားမမွတ္မိရင္ Rescue Mail အတိအက်နဲ႔Mail Password သိရင္ Reset ခ်လို႔ရပါတယ္
Find my iPhone On ထားရင္လည္း Password သိမွသာ ျပန္ျဖဳတ္လို႔ရမွာျဖစ္ပါတယ္ iCloud ဝင္ထားၿပီး Account Information အစံုမသိထားရင္ အခန္႔မသင့္ရင္ iCloud က်တဲ့အထိျဖစ္ႏိုင္ပါတယ္
တစ္ခါတရံ Apple ID Account Lock က်လွ်င္လည္း Mail Password သို႔မဟုတ္ ေမြးေန႔နဲ႔ Security Question မ်ားသိမွျပန္ေျဖလို႔ရပါမယ္ Account Lock က်တာကေတာ့ Password ၁၀ ႀကိမ္မွား႐ိုက္ျခင္းႏွင့္ အျခားအေၾကာင္းမ်ားေၾကာင့္ Apple က Security Reason အရဆိုကာ Lock ခ်တတ္ပါတယ္
မိမိ Apple ID ကကိုယ္တိုင္ဖြင့္ထားတာမဟုတ္ဘဲ သူမ်ားဖြင့္ေပးတာ ဆိုင္မွာဖြင့္ထားတာဆိုရင္www.appleid.apple.com မွာမိမိစိတ္ႀကိဳက္ျပန္ေျပာင္းထားသင့္ပါတယ္ ယံုၾကည္ရတာမယံုၾကည္ရတာထက္ ကိုယ္တိုင္ေပးထားေတာ့ အေရးအေၾကာင္းဆို ျပန္စဥ္းစားလို႔ရႏိုင္ပါတယ္ ကိုယ္တိုင္ျပန္မေျပာင္းခ်င္လဲ တစ္ေနရာမွာေသခ်ာမွတ္ထားသင့္ပါတယ္ အျမဲလုပ္ေနက်မဟုတ္လို႔ လိုအပ္တဲ့အခ်ိန္ေမ့တတ္ပါတယ္
အကယ္၍မိမိသံုးေနတဲ့ Account ရဲ႕ Information အကုန္မသိရင္ေတာ့ ဆက္မသံုးသင့္ေတာ့ပါဘူး စိတ္ခ်ရတဲ့ Account အသစ္ေျပာင္းသံုးသင့္ပါတယ္
Credit Bravo Mobile
(iOS Banker Myanmar)
##############
[Unicode]
လက်ရှိသုံးနေတဲ့ Apple ID Account နဲ့ပတ်သက်ပြီး ဘာတွေသိထားဖို့လိုလဲ
iPhone user တော်တော်များများ လက်ရှိသုံးနေတဲ့ Apple Account ရဲ့ Username နဲ့ Password သာသိကြပါတယ် ဒါက မလုံလောက်သေးဘဲ လုံးဝကိုစိတ်မချရတဲ့အခြေအနေ ဖြစ်ပါတယ် သာမန် iTunes and App Store သာသုံးရင်တော့ ကိစ္စမရှိပေမယ့် iCloud (find my iPhone) သုံးမယ် ပိုက်ဆံပေးဝယ်ရတဲ့ Paid App တွေဝယ်မယ်ဆိုရင်တော့ အားလုံးသိထားဖို့မဖြစ်မနေလိုအပ်ပါတယ်
ကိုယ့် Apple ID ရဲ့ Password သာမက Security Question & Answers ၃ ခု၊ မွေးနေ့၊ Rescue mail ထည့်ထားရင် Mail နဲ့ Password, Apple ID ဖွင့်ထားတဲ့ Mail ရဲ့ Password လည်းသိရန်လိုအပ်ပါတယ်
ဘယ်အခြေအနေမှာဒါတွေအသုံးလိုပါလဲ ???
Apple ID Password ပြောင်းချင်ရင် လက်ရှိ Password သိရုံနဲ့မရပါဘူး Security Question & Answer ၃ ခုမှာ ၂ ခုသိမှရပါမယ် (Apple ID ဖွင့်ထားတဲ့ Mail Password သိရင်တော့www.iforgot.apple.com ကနေ Reset ချလို့လည်းရပါတယ်)
iTunes card ထည့်ပြီး Paid App တွေဝယ်မယ်ဆိုရင် ပထမဆုံးဝယ်မယ့် Devices (iPhone, iPad, PC, Mac) မှာ Security Question များဖြေပေးရပါတယ်။ ပထမဆုံး အကြိမ်ဘဲဖြေပေးရမှာဖြစ်ပြီး တစ်ကြိမ်ဝယ်ပြီးရင် မမေးတော့ပါဘူး ဒါပေမယ့် အခြား ဖုန်းမှာဝယ်မယ်ဆိုရင်တော့ပြန်ဖြေပေးရမှာဖြစ်ပါတယ် Security Question များမမှတ်မိရင် ထည့်ထားတဲ့ iTune card ဆုံးမှာဖြစ်ပါတယ် ဒီလိုထည့်ပြီးမှဆုံးတာတွေလည်း မကြာခဏတွေ့နေရပါတယ်
Security Questions & Answers များမမှတ်မိရင် Rescue Mail အတိအကျနဲ့Mail Password သိရင် Reset ချလို့ရပါတယ်
Find my iPhone On ထားရင်လည်း Password သိမှသာ ပြန်ဖြုတ်လို့ရမှာဖြစ်ပါတယ် iCloud ဝင်ထားပြီး Account Information အစုံမသိထားရင် အခန့်မသင့်ရင် iCloud ကျတဲ့အထိဖြစ်နိုင်ပါတယ်
တစ်ခါတရံ Apple ID Account Lock ကျလျှင်လည်း Mail Password သို့မဟုတ် မွေးနေ့နဲ့ Security Question များသိမှပြန်ဖြေလို့ရပါမယ် Account Lock ကျတာကတော့ Password ၁၀ ကြိမ်မှားရိုက်ခြင်းနှင့် အခြားအကြောင်းများကြောင့် Apple က Security Reason အရဆိုကာ Lock ချတတ်ပါတယ်
မိမိ Apple ID ကကိုယ်တိုင်ဖွင့်ထားတာမဟုတ်ဘဲ သူများဖွင့်ပေးတာ ဆိုင်မှာဖွင့်ထားတာဆိုရင် www.appleid.apple.com မှာမိမိစိတ်ကြိုက်ပြန်ပြောင်းထားသင့်ပါတယ် ယုံကြည်ရတာမယုံကြည်ရတာထက် ကိုယ်တိုင်ပေးထားတော့ အရေးအကြောင်းဆို ပြန်စဉ်းစားလို့ရနိုင်ပါတယ် ကိုယ်တိုင်ပြန်မပြောင်းချင်လဲ တစ်နေရာမှာသေချာမှတ်ထားသင့်ပါတယ် အမြဲလုပ်နေကျမဟုတ်လို့ လိုအပ်တဲ့အချိန်မေ့တတ်ပါတယ်
အကယ်၍မိမိသုံးနေတဲ့ Account ရဲ့ Information အကုန်မသိရင်တော့ ဆက်မသုံးသင့်တော့ပါဘူး စိတ်ချရတဲ့ Account အသစ်ပြောင်းသုံးသင့်ပါတယ်
CreditBravo Mobile
iOS Banker Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment