Tuesday, June 6, 2017
iOS 11 Beta ဘယ်လိုထည့်သွင်းမလဲ
iOS Beta 1 ကို ယခုအခါ စတင်စမ်းသပ်သုံးစွဲဖို့အတွက် ဖြန့်ချိပေးလိုက်ပါပြီ။ iOS 11 ကို iPhone, iPad တို့မှာ စမ်းသပ်သုံးစွဲချင်သူတွေအတွက် ဖော်ပြပါနည်းလမ်းအတိုင်း လုပ်နိုင်ပါတယ်။ Beta version ဖြစ်တဲ့အတွက် ပြဿနာအချို့ရှိနေဦးမှာဖြစ်တာကြောင့် စမ်းသပ်သုံးစွဲချင်သူတွေသာ ပြုလုပ်သင့်ပါတယ်။
iOS 11 Beta ကိုစမ်းသပ်ထည့်သွင်းမယ်ဆိုရင် အဓိက လိုအပ်တာကတော့ Wi-Fi connection ရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာမှာချိတ်ဆက်ပြီး ကိုယ့်ရဲ့ device ကို backup လုပ်ထား သင့်ပါတယ်။ Beta ထည့်သွင်းအသုံးပြုမယ့် device ဟာလည်း Battery level အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက် ရှိရမှာဖြစ်ပါတယ်။
Backup လုပ်ပြီးပြီဆိုရင် http://bit.ly/2r03J2c ဆိုတဲ့ URL ကို ကိုယ်စမ်းသပ်သုံးစွဲမယ့် device ရဲ့ Safari browser ကနေ ဖွင့်ရပါမယ်။ ပြီးရင် download ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် Install Profile ဆိုတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ ညာဘက်ထောင့်အပေါ်နားမှာရှိတဲ့ Install ဆိုတာကို နှိပ်ရပါမယ်။
Install လုပ်ပြီးပြီဆိုရင် device ကို reboot လုပ်ခိုင်းပါလိမ့်မယ်။ Reboot လုပ်ပေးလိုက်ပါ။ ပြန်တက်လာရင် Settings > General > Software Update ဆိုတဲ့ လမ်းကြောင်းအတိုင်းသွားပါ။ ပြီးရင် Download and Install ဆိုတာကို နှိပ်ရပါမယ်။
ဒီအဆင့်ကတော့ iOS 11 နဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်းမယ့်အဆင့်ဖြစ်ပါတယ်။ iOS 11 beta version ကို download လုပ်ရမယ့် ဖိုင်အရွယ်အစားကလည်း 1.9GB ခန့်ရှိမှာဖြစ်တဲ့အတွက် အချိန်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။
Download လုပ်ပြီးရင် တစ်ခါတည်း install လုပ်သွားမှာဖြစ်ပါတယ်။ အားလုံးပြီးပြီဆိုရင် device ကို reboot လုပ်သွားမှာဖြစ်ပြီး ပြန်တက်လာတဲ့ အခါမှာ iOS 11 beta 1 ကို စတင်သုံးစွဲနိုင်ပါပြီ။
-သီဟ
Tags: iOS
Subscribe to:
Post Comments (Atom)
No comments:
Post a Comment