Wednesday, June 14, 2017

ဖုံးကဒ် ၄ သိန်းသုံးပြီး အင်တာနက်က ထောက်ခံသူတွေ မိပြီ



ထိုင်းနိုင်ငံမှာ တရုတ်ပြည်လုပ်ပစ္စည်းတွေကို ကောင်းမွန်နှစ်သက်ကြောင်း လူမှုမီဒီယာတွေကနေ Like လုပ်ပြီး ထောက်ခံတဲ့ တရုတ်လူမျိုး ၃ ဦးကို မနေ့က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ တရုတ်လူမျိုးတွေဟာ ကမ္ဘောဒီးယားနယ်စပ်အနီးက အိမ်တလုံးကိုငှားရန်းနေထိုင်ပြီးနောက် ဘယဆေးအပါအဝင် တရုတ်ကုမ္ပဏီတွေက ထုတ်တဲ့ပစ္စည်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ကောင်းမွန်ကြောင်း လူမှုမီဒီယာတွေကနေ Like  တွေလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တရုတ်ကုမ္ပဏီတွေက ငှားရမ်းခဲ့ကြောင်း အဲဒီလူတွေက ဝန်ခံခဲ့တယ်လို့လည်း သိရပါတယ်။

ကမ္ဘာလှည့်ပြည်ဝင်ခွင့်ဗီဇာနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်လာပြီး ရက်လွန်နေထိုင်ကြတဲ့ အဲဒီ တရုတ်နိုင်ငံသား ၃ ဦးထံကနေ စမတ်လက်ကိုင်ဖုံး အလုံး ငါးရာနဲ့ ထိုင်းနိုင်ငံ စမတ်ဖုံးသုံး SIM ဆင်းကဒ် လေးသိန်းနီးပါးကို ဖမ်းဆီးရရှိပါတယ်။

တရုတ်ကုမ္ပဏီတွေဟာ လူမှုမီဒီယာတွေမှာ အမည်စာရင်းအတု ထောင်သောင်းများစွာပြုလုပ်ပြီး အခုလိုထောက်ခံချက်အတုတွေနဲ့ ဈေးကွက်မှာ ရောင်းကောင်းအောင် ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။
RFA.

No comments:

Post a Comment