Sunday, June 4, 2017
“၅ မိနစ္ အားသြင္းရင္ ၅ နာရီအသံုးခံတဲ့ Qualcomm Quick Charge 4 Plus”
စမတ္ဖုန္း ၊ တက္ဘလက္ ဘီလီယမ္ေပါင္းမ်ားစြာမွာသံုးေနတဲ့ Snapdragon Chips မ်ားကိုဖန္တီးတဲ့ Qualcomm က Processor တင္ဖန္တီးတာမဟုတ္ပါဘူး။ ဖုန္း၊ တက္ဘလက္မ်ားကို လ်င္ျမန္စြာ အားသြင္းေပးႏုိင္တဲ့ Quick Charge နည္းပညာကိုလည္းတီထြင္ထား ပါတယ္။ Qualcomm က Quick Charge 4 ကိုလြန္ခဲ့တဲ့ ေျခာက္လ အၾကာကေၾကညာခဲ့ၿပီး ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔မွာ Quick Charge 4 Plus ကိုမိတ္ဆက္လိုက္ပါတယ္။ Quick Charge 4 ဟာ ၁၅ မိနစ္ အားသြင္းရင္ ၅၀ ရာခုိင္ႏႈန္းအားျဖည့္ေပးႏိုင္ပါတယ္။ Quick Charge 4 Plus က အဲဒီထက္ ၁၅ ရာခုိင္ႏႈန္းပိုမို ျမန္ဆန္လာၿပီး ၃၀ ရာခုိင္ႏႈန္း ပိုမိုစြမ္းရည္ ျမင့္မားလာပါတယ္။ ၅ မိနစ္ အားသြင္းရင္ ၅ နာရီ အသံုးခံပါတယ္။ Quick Charge 4 Plus မွာအားသြင္းခ်ိန္ကိုေလွ်ာ့ခ် ေပးတဲ့ Dual Charge နည္းပညာလည္းပါလာပါတယ္။ Qualcomm ရဲ႕ ဥာဏ္ရည္ျမင့္ အပူခ်ိန္ ထိန္းညွိတဲ့ နည္းပညာကအေအးျမဆံုး လမ္းေၾကာင္းကေန ျဖတ္သန္းစီးဆင္းေစၿပီးအဆင့္ျမင့္ လံုျခံဳေရး စြမ္းေဆာင္ခ်က္ အသစ္ကအပူလြန္ကဲျခင္း၊ USB-C Connector ကို ပ်က္ဆီးေစျခင္းမ်ားအတြက္ Case နဲ႕ Connector ကိုတစ္ၿပိဳင္နက္ စစ္ေဆးေပးပါတယ္။ ZTE Nubia Z17 ဟာ Quick Charge 4 Plus နည္းပညာပါတဲ့ ပထမဆံုးစမတ္ဖုန္း ျဖစ္လာပါတယ္။ Quick Charge 4 Plus ကိုစမတ္ဖုန္းမ်ားအတြက္သာမကဘဲ Adapters, Car Chargers, Portable Battery Banks, USB Hubs မ်ားမွာလည္းအသံုးျပဳႏုိင္ပါတယ္။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
*****************************************
*****************************************
(Unicode Version)
“၅ မိနစ် အားသွင်းရင် ၅ နာရီအသုံးခံတဲ့ Qualcomm Quick Charge 4 Plus”
စမတ်ဖုန်း ၊ တက်ဘလက် ဘီလီယမ်ပေါင်းများစွာမှာသုံးနေတဲ့ Snapdragon Chips များကိုဖန်တီးတဲ့ Qualcomm က Processor တင်ဖန်တီးတာမဟုတ်ပါဘူး။ ဖုန်း၊ တက်ဘလက်များကို လျင်မြန်စွာ အားသွင်းပေးနိုင်တဲ့ Quick Charge နည်းပညာကိုလည်းတီထွင်ထား ပါတယ်။ Qualcomm က Quick Charge 4 ကိုလွန်ခဲ့တဲ့ ခြောက်လ အကြာကကြေညာခဲ့ပြီး ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ Quick Charge 4 Plus ကိုမိတ်ဆက်လိုက်ပါတယ်။ Quick Charge 4 ဟာ ၁၅ မိနစ် အားသွင်းရင် ၅၀ ရာခိုင်နှုန်းအားဖြည့်ပေးနိုင်ပါတယ်။ Quick Charge 4 Plus က အဲဒီထက် ၁၅ ရာခိုင်နှုန်းပိုမို မြန်ဆန်လာပြီး ၃၀ ရာခိုင်နှုန်း ပိုမိုစွမ်းရည် မြင့်မားလာပါတယ်။ ၅ မိနစ် အားသွင်းရင် ၅ နာရီ အသုံးခံပါတယ်။ Quick Charge 4 Plus မှာအားသွင်းချိန်ကိုလျှော့ချ ပေးတဲ့ Dual Charge နည်းပညာလည်းပါလာပါတယ်။ Qualcomm ရဲ့ ဉာဏ်ရည်မြင့် အပူချိန် ထိန်းညှိတဲ့ နည်းပညာကအအေးမြဆုံး လမ်းကြောင်းကနေ ဖြတ်သန်းစီးဆင်းစေပြီးအဆင့်မြင့် လုံခြုံရေး စွမ်းဆောင်ချက် အသစ်ကအပူလွန်ကဲခြင်း၊ USB-C Connector ကို ပျက်ဆီးစေခြင်းများအတွက် Case နဲ့ Connector ကိုတစ်ပြိုင်နက် စစ်ဆေးပေးပါတယ်။ ZTE Nubia Z17 ဟာ Quick Charge 4 Plus နည်းပညာပါတဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်လာပါတယ်။ Quick Charge 4 Plus ကိုစမတ်ဖုန်းများအတွက်သာမကဘဲ Adapters, Car Chargers, Portable Battery Banks, USB Hubs များမှာလည်းအသုံးပြုနိုင်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment