Sunday, June 4, 2017
" Android 7.1.1 နဲ႔ Galaxy Note 8 မွာ Infinity Display ပါဝင္လာမည္ဟု သတင္းမ်ားထြက္ေပၚ " -
ျပန္လည္ဆန္းသစ္ထားတဲ့ Samsung Galaxy Note7R က ဒီလထဲမွာ ထြက္ရွိလာမယ္လို႔ သတင္းမ်ား ထြက္ေပၚထားေပမယ့္ Galaxy Note 8 ကို ေစာင့္ေမွ်ာ္ေနၾကတဲ့ အေျခအေနပါပဲ။ ထြက္ေပၚလာတဲ့ ေကာလာဟလ သတင္းေတြအရကေတာ့ ဒီဖုန္းမွာ Galaxy S8 duo လိုပဲ infinity display ပါဝင္ၿပီး OS ကေတာ့ Android 7.1.1 Nougat အသံုးျပဳထားမယ္လို႔ ဆိုထားပါတယ္။ ။ ဒီ Android 7.1.1 Nougat ဗားရွင္းအသစ္ကို Samsung အေနနဲ႔ သူတို႔ရဲ႕ စမတ္ဖုန္းေတြမွာ မၾကာခင္ထည့္သြင္းအသံုးျပဳေတာ့မယ္လို႔ ဆိုထားပါတယ္။
Dutch ဝက္ဘ္ဆိုက္တစ္ခုမွာေတာ့ “Galaxy Note 8 ကို Android OS ေနာက္ဆံုးထြက္ ဗားရွင္းနဲ႔ စမ္းသပ္ခဲ့ၿပီးၿပီိလို႔ သိရပါတယ္။ မ်က္ႏွာျပင္ Display ကလည္း Galaxy S8 ရဲ႕အခ်ိဳးအတိုင္း 18.5:9 နဲ႔ အတူတူျဖစ္ၿပီး Home Button အေနနဲ႔ကလည္း ပါဝင္လာဖြယ္မရွိဘူးလို႔” အတည္ျပဳထားပါတယ္။
အဆိုပါထြက္ေပၚလာတဲ့သတင္းကေတာ့ အေတာ္ေလးကို အံ့ၾသစရာေကာင္းတယ္လို႔ထင္ပါတယ္။ Samsung S8 ေၾကာင့္ဆံုးရႈံးၿပီး ျပန္လည္ႀကိဳးစားေနခ်ိန္မွာ OLED ေအာက္မွာ fingerprint ကို ေတြ႕ရမလား၊ Galaxy S* မွာလို S Pen အတြက္ေနရာထားလိမ့္မလား၊ Galaxy Note 8 စမတ္ဖုန္းမွာေရာ ဒါေတြပါမလားဆိုတဲ့ ေမးခြန္းေပါင္းမ်ားစြာကို ေမးေနၾကပါေတာ့တယ္။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
------------------------------------------------------------------------------------------------
(Unicode Version)
" Android 7.1.1 နဲ့ Galaxy Note 8 မှာ Infinity Display ပါဝင်လာမည်ဟု သတင်းများထွက်ပေါ် "
-----------------------
ပြန်လည်ဆန်းသစ်ထားတဲ့ Samsung Galaxy Note7R က ဒီလထဲမှာ ထွက်ရှိလာမယ်လို့ သတင်းများ ထွက်ပေါ်ထားပေမယ့် Galaxy Note 8 ကို စောင့်မျှော်နေကြတဲ့ အခြေအနေပါပဲ။ ထွက်ပေါ်လာတဲ့ ကောလာဟလ သတင်းတွေအရကတော့ ဒီဖုန်းမှာ Galaxy S8 duo လိုပဲ infinity display ပါဝင်ပြီး OS ကတော့ Android 7.1.1 Nougat အသုံးပြုထားမယ်လို့ ဆိုထားပါတယ်။ ။ ဒီ Android 7.1.1 Nougat ဗားရှင်းအသစ်ကို Samsung အနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းတွေမှာ မကြာခင်ထည့်သွင်းအသုံးပြုတော့မယ်လို့ ဆိုထားပါတယ်။
Dutch ဝက်ဘ်ဆိုက်တစ်ခုမှာတော့ “Galaxy Note 8 ကို Android OS နောက်ဆုံးထွက် ဗားရှင်းနဲ့ စမ်းသပ်ခဲ့ပြီးပြီိလို့ သိရပါတယ်။ မျက်နှာပြင် Display ကလည်း Galaxy S8 ရဲ့အချိုးအတိုင်း 18.5:9 နဲ့ အတူတူဖြစ်ပြီး Home Button အနေနဲ့ကလည်း ပါဝင်လာဖွယ်မရှိဘူးလို့” အတည်ပြုထားပါတယ်။
အဆိုပါထွက်ပေါ်လာတဲ့သတင်းကတော့ အတော်လေးကို အံ့သြစရာကောင်းတယ်လို့ထင်ပါတယ်။ Samsung S8 ကြောင့်ဆုံးရှုံးပြီး ပြန်လည်ကြိုးစားနေချိန်မှာ OLED အောက်မှာ fingerprint ကို တွေ့ရမလား၊ Galaxy S* မှာလို S Pen အတွက်နေရာထားလိမ့်မလား၊ Galaxy Note 8 စမတ်ဖုန်းမှာရော ဒါတွေပါမလားဆိုတဲ့ မေးခွန်းပေါင်းများစွာကို မေးနေကြပါတော့တယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment