Saturday, June 3, 2017

“8GB RAM ပါတဲ့ ZTE Nubia Z17”



ZTE က စြမ္းေဆာင္ရည္ျမင့္ Nubia Z17 ကို မိတ္ဆက္လိုက္ပါတယ္။ သူ႔ရဲ႕ ထူးျခားခ်က္က RAM အပိုင္းျဖစ္ၿပီး 8GB ေတာင္ ထည့္သြင္း ေပးထားပါတယ္။ သူ႔မွာ ၅.၅ လက္မ Full HD Display တပ္ဆင္ထား ပါတယ္။ Qualcomm ရဲ႕ စြမ္းေဆာင္ရည္ျမင့္ Snapdragon 835 Chipset ေမာင္းႏွင္မွာ ျဖစ္ပါတယ္။ 128GB Internal Storage ပါတဲ့ အတြက္ ေဒတာမ်ားစြာ သိမ္းဆည္းႏုိင္ပါတယ္။

ZTE Nubia Z17 ရဲ႕ အေနာက္ဘက္မွာ 23MP+12MP Camera ႏွစ္လံုး တပ္ဆင္ထားပါတယ္။ အေရွ႕ဘက္မွာေတာ့ 16MP Camera ထည့္သြင္း ထားပါတယ္။ Android 7.1.1 Nougat ေမာင္းႏွင္မွာ ျဖစ္ပါတယ္။ 3200mAh Battery တပ္ဆင္ထားၿပီး Quick Charge 4+ ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ ၂၅ မိနစ္အတြင္းမွာ ၅၀ ရာခိုင္ႏႈန္း အားျဖည့္ေပး ႏုိင္ပါတယ္။

ZTE Nubia Z17 ဟာ 8GB RAM ထည့္သြင္းထားတဲ့ ဒုတိယ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါ့အျပင္ Xiaomi Mi 6 ၿပီးေနာက္ Snapdragon 835 ထည့္သြင္းထားတဲ့ ဒုတိယ စမတ္ဖုန္း ျဖစ္ပါတယ္။ Nubia Z17 ဟာ ေရစိုခံၿပီး Dolby Atmos ကို ေထာက္ပံ့ပါတယ္။ IR Blaster တပ္ဆင္ ထားၿပီး အျပာ၊ အနက္၊ ေရႊ၊ အနီနဲ႔ အနက္ေရာင္မ်ား ထုတ္လုပ္ေပး ထားပါတယ္။ တရုတ္မွာ ယြမ္ ၂၇၉၉ ( ၅၈၃ ေဒၚလာ ) သတ္မွတ္ထား ပါတယ္။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

*****************************************
*****************************************
(Unicode Version)

“8GB RAM ပါတဲ့ ZTE Nubia Z17”

ZTE က စွမ်းဆောင်ရည်မြင့် Nubia Z17 ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က RAM အပိုင်းဖြစ်ပြီး 8GB တောင် ထည့်သွင်း ပေးထားပါတယ်။ သူ့မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထား ပါတယ်။ Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 835 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 128GB Internal Storage ပါတဲ့ အတွက် ဒေတာများစွာ သိမ်းဆည်းနိုင်ပါတယ်။

ZTE Nubia Z17 ရဲ့ အနောက်ဘက်မှာ 23MP+12MP Camera နှစ်လုံး တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာတော့ 16MP Camera ထည့်သွင်း ထားပါတယ်။ Android 7.1.1 Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။ 3200mAh Battery တပ်ဆင်ထားပြီး Quick Charge 4+ ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ၂၅ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေး နိုင်ပါတယ်။

ZTE Nubia Z17 ဟာ 8GB RAM ထည့်သွင်းထားတဲ့ ဒုတိယ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi Mi 6 ပြီးနောက် Snapdragon 835 ထည့်သွင်းထားတဲ့ ဒုတိယ စမတ်ဖုန်း ဖြစ်ပါတယ်။ Nubia Z17 ဟာ ရေစိုခံပြီး Dolby Atmos ကို ထောက်ပံ့ပါတယ်။ IR Blaster တပ်ဆင် ထားပြီး အပြာ၊ အနက်၊ ရွှေ၊ အနီနဲ့ အနက်ရောင်များ ထုတ်လုပ်ပေး ထားပါတယ်။ တရုတ်မှာ ယွမ် ၂၇၉၉ ( ၅၈၃ ဒေါ်လာ ) သတ်မှတ်ထား ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment