Saturday, June 10, 2017

“အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာ ျပႆနာမ်ား” ---



ေမး - မဂၤလာပါအစ္ကို။ ကြၽန္ေတာ့္ဖုန္းက Samsung J5  ပါ။ Root ေဖာက္ခ်င္လုိ႔ပါ။ ဘယ္လိုလုပ္ရမွန္း မသိလုိ႔။ ကူညီပါဦး။
ေျဖ - Samsung Root  နည္းႏွစ္မ်ိဳးရွိပါတယ္။ အဓိကလိုအပ္တာက Odin Software နဲ႔ Samsung Driver ရွိရ ပါမယ္။ CF-Auto Root နဲ႔ Custom Recovery သြင္းၿပီး Root (.Zip) File Install လုပ္တဲ့နည္းေတြပါ။ ႏွစ္မ်ိဳး လံုးနဲ႔အဆင္ေျပပါတယ္။ စမ္းသပ္ၾကည့္ပါအစ္ကို။

ေမး - အစ္ကိုေရ ကြၽန္ေတာ့္ Samsung Note 4 ဖုန္းေလး လက္နဲ႔ဆြဲရင္ Touch က ေၾကာင္တယ္။ Pin နဲ႔သံုးရင္ေတာ့ အကုန္သံုးလုိ႔ရတယ္ဗ်ာ။
အဲ့ဒါ Touch အသစ္လဲရမွာလား။ တျခားဘယ္လိုလုပ္ႏုိင္ဦးမလဲဗ်ာ။
ေျဖ - ဟုတ္ကဲ့။ အစ္ကို႔ဖုန္းက Glass နဲ႔ ေအာက္က Touch မထိတာ ျဖစ္မယ္ဗ်ာ။ အရင္ဆံုး Touch ဖိၿပီး ဆြဲၾကည့္ အဆင္ေျပတယ္ဆိုရင္ Glass ကိုပဲလဲရမွာပါ။ မရဘူးဆိုရင္ေတာ့ Touch + LCD တြဲရက္မို႔လို႔ တစ္စံု လံုးလဲရပါလိမ့္မည္။

ေမး - ဟုတ္ကဲ့။ မဂၤလာပါဆရာတုိ႔။ ကြၽန္ေတာ့္ဖုန္းက Mi 5 ပါ။ သီခ်င္းဖြင့္ထားၿပီး Facebook သံုးရင္ သီခ်င္းေတြကထစ္ကုန္ၿပီး Comment Box ကိုႏွိပ္ရင္ သီခ်င္းစာသားေတြေက်ာ္သြားတယ္ခင္ဗ်ာ။ အဲ့ဒါ ဘာျဖစ္တာလဲ ခင္ဗ်ာ။
ေျဖ - ဟုတ္ကဲ့ပါ။ မဂၤလာပါအစ္ကို။ အစ္ကို႔ဖုန္းရဲ႕ Setting ထဲက About Phone ထဲကို၀င္ၿပီး MIUI Version ကိုစစ္ၾကည့္ၿပီး Update လုပ္ေပးလုိက္ပါ။ အဆင္ေျပသြားပါလိမ့္မယ္ခင္ဗ်ာ။

ေမး - အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Sim လဲသိတယ္။ လိုင္းလည္းတတ္တယ္။ ဒါေပမယ့္ ဖုန္းကိုေခၚလုိက္ရင္ စက္ပိတ္ထားပါတယ္ေျပာေနတယ္။ ဖုန္းက ပိတ္လည္းမထားဘူးဗ်ာ။
ေျဖ - ဟုတ္ကဲ့ဗ်ာ။ အဲ့လိုျဖစ္တာက မ်ားေသာအားျဖင့္ Hardware Error ပါခင္ဗ်ာ။ ဖုန္းရဲ႕အတြင္း Circuit ေပၚက PAIC မေကာင္းတာ ေရ၀င္ Shock က်တဲ့အခါမ်ိဳးမွာျဖစ္တတ္ပါတယ္။ အဲ့ဒီ PAIC လဲရင္ အဆင္ေျပမွာ ပါခင္ဗ်ာ။

ေမး - အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက ဖုန္းေျပာေနရင္း Screen မီးပိတ္သြားတယ္။ ဖုန္းခ်မယ္ဆိုရင္ Screen မီးက ျပန္လင္းမလာဘူး။ Power Key ႏွိပ္လည္း Screen မီး ျပန္လင္းမလာဘူးဗ်ာ။ ဘာျဖစ္လို႔လဲ။
ေျဖ - ဟုတ္ကဲ့အစ္ကို။ အစ္ကို႔ဖုန္းက Sleep Mode Error ျဖစ္ေနလို႔ပါ။ WiFi IC မေကာင္းရင္ အမ်ားဆံုး ျဖစ္တတ္ပါတယ္။ WiFi IC ျဖဳတ္ခ်တာမ်ိဳး WiFi IC ကို အသစ္လဲတာမ်ိဳးလုပ္မယ္ဆို အဆင္ေျပႏိုင္ပါတယ္ အစ္ကို။

ေမး - Samsung (G360-HU) ပါ။ Firmware ျပန္ေရးခ်င္လို႔။ Download ဆြဲရန္ Link ေလးသိခ်င္လို႔ပါခင္ဗ်ာ။
ေျဖ - ဟုတ္ကဲ့ပါအစ္ကို။ www.updato.com, www.sammobile.com, http://samsung.firmware.org  စတဲ့ Website Link ေတြထဲ၀င္ၿပီး Download ဆြဲလုိ႔ရပါတယ္ခင္ဗ်ာ။

ေမး - အစ္ကိုကြၽန္ေတာ့္ဖုန္းက G730-C00 ပါ။ ဖုန္းကစသံုးေနရင္းနဲ႔အရမ္းပူတယ္။ အားလည္းအရမ္းစားတယ္။ ဘယ္လိုလုပ္ရမလဲ။
ေျဖ - ဟုတ္ကဲ့ဗ်။ အဲ့တာက အားစားေနတဲ့ Error ပါ။ ၾကာရွည္သံုး  လို႔ေတာ့မေကာင္းဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ၾကာလာရင္ Wi-Fi မရတာ၊ Bluetooth မရတာေတြ ေနာက္ဆံုးအဆင့္ ပါ၀ါေသတဲ့အထိ ျဖစ္ႏုိင္တယ္။ အျမန္ဆံုးကြၽမ္းက်င္တဲ့ Service ဆုိင္ကိုျပၾကည့္ပါ။

ေမး - အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Huawei ဖုန္းပါဗ်။ Speaker အသံတိုးေနလို႔ပါ။ ၀ယ္ထားတာ ၆ လေလာက္ရွိၿပီ။ အစက အသံက်ယ္တယ္။ အခုမရေတာ့လို႔ပါ။
ေျဖ - ဟုတ္ကဲ့ပါဗ်ာ။ အစ္ကို႔ဖုန္းကို ေသခ်ာသန္႔ရွင္းေရးလုပ္ၾကည့္ပါ။ Speaker ရဲ႕ေနာက္မွာ ဖုန္ကပ္ေနရင္ တိုးတတ္ပါတယ္။ ေနာက္တစ္ခုက Speaker အသစ္လဲၾကည့္ပါ။ မရဘူးဆိုရင္ Volt မေရာက္တာျဖစ္တဲ့အ တြက္ နီးစပ္ရာဆိုင္ကိုပို႔မွ အဆင္ေျပပါလိမ့္မယ္။

ေမး - ကြၽန္ေတာ့္ဖုန္းက G610 ပါ။ Touch ျပားလဲလုိက္ၿပီးမွ Network မသိေတာ့လို႔ပါ။ ကူညီပါဦးခင္ဗ်ာ။
ေျဖ - G610 မွာ Touch ျပားလဲရင္ ဂ႐ုစိုက္ေစခ်င္ပါတယ္။ Body Cover လဲလုိက္ရင္ေတာ့ ရတတ္တာ မ်ိဳးရွိပါတယ္။ Network ငုတ္ေလးေတြက်ိဳး/မက်ိဳးကိုလည္း စစ္ေဆးသင့္ပါတယ္။ က်ိဳးေနရင္အသစ္ လဲလွယ္ေပးလုိက္ပါ။ အဆင္ေျပပါေစ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

---------------------------------------------------------------------------------------

(Unicode Version)

“အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ”
-----------------

မေး - မင်္ဂလာပါအစ်ကို။ ကျွန်တော့်ဖုန်းက Samsung J5  ပါ။ Root ဖောက်ချင်လို့ပါ။ ဘယ်လိုလုပ်ရမှန်း မသိလို့။ ကူညီပါဦး။
ဖြေ - Samsung Root  နည်းနှစ်မျိုးရှိပါတယ်။ အဓိကလိုအပ်တာက Odin Software နဲ့ Samsung Driver ရှိရ ပါမယ်။ CF-Auto Root နဲ့ Custom Recovery သွင်းပြီး Root (.Zip) File Install လုပ်တဲ့နည်းတွေပါ။ နှစ်မျိုး လုံးနဲ့အဆင်ပြေပါတယ်။ စမ်းသပ်ကြည့်ပါအစ်ကို။

မေး - အစ်ကိုရေ ကျွန်တော့် Samsung Note 4 ဖုန်းလေး လက်နဲ့ဆွဲရင် Touch က ကြောင်တယ်။ Pin နဲ့သုံးရင်တော့ အကုန်သုံးလို့ရတယ်ဗျာ။
အဲ့ဒါ Touch အသစ်လဲရမှာလား။ တခြားဘယ်လိုလုပ်နိုင်ဦးမလဲဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Glass နဲ့ အောက်က Touch မထိတာ ဖြစ်မယ်ဗျာ။ အရင်ဆုံး Touch ဖိပြီး ဆွဲကြည့် အဆင်ပြေတယ်ဆိုရင် Glass ကိုပဲလဲရမှာပါ။ မရဘူးဆိုရင်တော့ Touch + LCD တွဲရက်မို့လို့ တစ်စုံ လုံးလဲရပါလိမ့်မည်။

မေး - ဟုတ်ကဲ့။ မင်္ဂလာပါဆရာတို့။ ကျွန်တော့်ဖုန်းက Mi 5 ပါ။ သီချင်းဖွင့်ထားပြီး Facebook သုံးရင် သီချင်းတွေကထစ်ကုန်ပြီး Comment Box ကိုနှိပ်ရင် သီချင်းစာသားတွေကျော်သွားတယ်ခင်ဗျာ။ အဲ့ဒါ ဘာဖြစ်တာလဲ ခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ပါ။ မင်္ဂလာပါအစ်ကို။ အစ်ကို့ဖုန်းရဲ့ Setting ထဲက About Phone ထဲကိုဝင်ပြီး MIUI Version ကိုစစ်ကြည့်ပြီး Update လုပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Sim လဲသိတယ်။ လိုင်းလည်းတတ်တယ်။ ဒါပေမယ့် ဖုန်းကိုခေါ်လိုက်ရင် စက်ပိတ်ထားပါတယ်ပြောနေတယ်။ ဖုန်းက ပိတ်လည်းမထားဘူးဗျာ။
ဖြေ - ဟုတ်ကဲ့ဗျာ။ အဲ့လိုဖြစ်တာက များသောအားဖြင့် Hardware Error ပါခင်ဗျာ။ ဖုန်းရဲ့အတွင်း Circuit ပေါ်က PAIC မကောင်းတာ ရေဝင် Shock ကျတဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်။ အဲ့ဒီ PAIC လဲရင် အဆင်ပြေမှာ ပါခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းပြောနေရင်း Screen မီးပိတ်သွားတယ်။ ဖုန်းချမယ်ဆိုရင် Screen မီးက ပြန်လင်းမလာဘူး။ Power Key နှိပ်လည်း Screen မီး ပြန်လင်းမလာဘူးဗျာ။ ဘာဖြစ်လို့လဲ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အစ်ကို့ဖုန်းက Sleep Mode Error ဖြစ်နေလို့ပါ။ WiFi IC မကောင်းရင် အများဆုံး ဖြစ်တတ်ပါတယ်။ WiFi IC ဖြုတ်ချတာမျိုး WiFi IC ကို အသစ်လဲတာမျိုးလုပ်မယ်ဆို အဆင်ပြေနိုင်ပါတယ် အစ်ကို။

မေး - Samsung (G360-HU) ပါ။ Firmware ပြန်ရေးချင်လို့။ Download ဆွဲရန် Link လေးသိချင်လို့ပါခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ပါအစ်ကို။ www.updato.com, www.sammobile.com, http://samsung.firmware.org  စတဲ့ Website Link တွေထဲဝင်ပြီး Download ဆွဲလို့ရပါတယ်ခင်ဗျာ။

မေး - အစ်ကိုကျွန်တော့်ဖုန်းက G730-C00 ပါ။ ဖုန်းကစသုံးနေရင်းနဲ့အရမ်းပူတယ်။ အားလည်းအရမ်းစားတယ်။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဟုတ်ကဲ့ဗျ။ အဲ့တာက အားစားနေတဲ့ Error ပါ။ ကြာရှည်သုံး  လို့တော့မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြာလာရင် Wi-Fi မရတာ၊ Bluetooth မရတာတွေ နောက်ဆုံးအဆင့် ပါ၀ါသေတဲ့အထိ ဖြစ်နိုင်တယ်။ အမြန်ဆုံးကျွမ်းကျင်တဲ့ Service ဆိုင်ကိုပြကြည့်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei ဖုန်းပါဗျ။ Speaker အသံတိုးနေလို့ပါ။ ၀ယ်ထားတာ ၆ လလောက်ရှိပြီ။ အစက အသံကျယ်တယ်။ အခုမရတော့လို့ပါ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ အစ်ကို့ဖုန်းကို သေချာသန့်ရှင်းရေးလုပ်ကြည့်ပါ။ Speaker ရဲ့နောက်မှာ ဖုန်ကပ်နေရင် တိုးတတ်ပါတယ်။ နောက်တစ်ခုက Speaker အသစ်လဲကြည့်ပါ။ မရဘူးဆိုရင် Volt မရောက်တာဖြစ်တဲ့အ တွက် နီးစပ်ရာဆိုင်ကိုပို့မှ အဆင်ပြေပါလိမ့်မယ်။

မေး - ကျွန်တော့်ဖုန်းက G610 ပါ။ Touch ပြားလဲလိုက်ပြီးမှ Network မသိတော့လို့ပါ။ ကူညီပါဦးခင်ဗျာ။
ဖြေ - G610 မှာ Touch ပြားလဲရင် ဂရုစိုက်စေချင်ပါတယ်။ Body Cover လဲလိုက်ရင်တော့ ရတတ်တာ မျိုးရှိပါတယ်။ Network ငုတ်လေးတွေကျိုး/မကျိုးကိုလည်း စစ်ဆေးသင့်ပါတယ်။ ကျိုးနေရင်အသစ် လဲလှယ်ပေးလိုက်ပါ။ အဆင်ပြေပါစေ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment