Saturday, June 3, 2017
“iCloud Drive :How does it work?”
“iCloud Drive :How does it work?”
<iCloud Security>
<iCloud ဖြင့် လုံခြုံအောင် ကာကွယ်ပါ>
အဆင့်(၁)
အဆင့်(၂)
အဆင့်(၃)
အဆင့်(၄)
*****************************************
*****************************************
(Unicode Version)
Apple က ၂၀၁၄ ခုနှစ်မှာ iOS 8 နဲ့ OS X Yosemite တို့နဲ့အတူ iCloud Drive ကို မိတ်ဆက်ခဲ့ပါတယ်။ သင့်ရဲ့ iCloud အကောင့်ကို Mac, iOS Device များမှာ ချိတ်ဆက်ပြီးရင်တော့ iCloud Drive နဲ့လည်း ချိတ်ဆက် ပြီးပါပြီ။ iCloud Drive ဟာ Apple Users တွေအတွက် အလွန်အသုံးဝင် ပါတယ်။ ယခင်က Dropbox လို ၀န်ဆောင်မှုမျိုးကို သင်သုံးဖူးရင် iCloud Drive ကလည်း ထိုနည်းတူပဲဖြစ်ပါတယ်။ အခမဲ့ iCloud အကောင့်ကို အသုံးပြုရင် 5GB Storage အလိုအလျောက်ရရှိမှာပါ။ iCloud Drive မှာ ဘယ်ဖိုင်ကိုမဆို သိမ်းဆည်းနိုင် ပါတယ်။ အဆိုပါ 5GB ဟာ သင့်ရဲ့ External Hard Drive or USB Memory Stick လို အသုံးဝင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Mac နဲ့ iOS Device များမှာ ကြိုးနဲ့ချိတ်ဆက်ဖို့မလိုဘဲ အင်တာနက်ကနေ ကြိုးမဲ့အသုံးပြု နိုင်မှာပါ။ သင့်ရဲ့ Mac မှ ဖိုင်၊ ဖိုဒါများ ကို Drag and Drop နည်းဖြင့် iCloud Drive ထဲမှာသိမ်းနိုင်ပါတယ်။
iCloud က ဖိုင်များကို Online Storage ထံသို့ အလိုအလျောက်တင်ပေးမှာ ဖြစ်ပါတယ်။ ဖိုင်များကို Upload လုပ်ပြီးတာနဲ့ သင့်ရဲ့အခြား Device များမှာလည်း အဲဒီဖိုင်များကို မြင်နိုင်ပါပြီ။ ကလစ်တစ်ချက်နှိပ်ပြီး ဖွင့်နိုင် ပါပြီ။ သင့်ရဲ့ Mac မှာ iCloud Drive ဟာ Finder မှ အခြားဖိုဒါများလိုပဲ အလုပ်လုပ်ပါတယ်။ သင်နှစ်သက်တဲ့ ဖိုင်ကို ထည့်သွင်းနိုင်ပြီး အဲဒီကနေပဲ Documents များကိုဖွင့်နိုင်ပါတယ်။ iOS မှာတော့ iCloud Drive အတွက် သီးခြား App မပါရှိပါဘူး။ အဲဒီအစား iCloud Drive နဲ့တွဲဖက်အလုပ်လုပ် နိုင်တဲ့ App များက သူတို့ App များ ထဲမှာပဲ iCloud Drive မှဖိုင်များကို ဖွင့်ခြင်း၊ ဖိုင်များကို အဲဒီမှာသိမ်းခြင်းတို့ကို ပြုလုပ်ကြပါတယ်။ iPad , iPhone Apps များမှာ iCloud Icons များကို တွေ့နိုင်ပါတယ်။ သူတို့ကို နှိပ်ရင် App ထဲမှာပဲ iCloud Drive မှ ဖိုင်များကို မြင်နိုင်၊ ဖွင့်နိုင်ပါတယ်။ icloud.com ကနေအသုံးပြုရင် ပိုမိုကောင်းမွန်ပြီး Apple က သူ့ရဲ့ နာမည် ကြီး Pages, Numbers, Keynote စတဲ့ iWork Suite များကို အသုံးပြုနိုင် အောင် ပံ့ပိုးပေးထားပါတယ်။ ၀က်ဆိုက်မှာ သင့်ရဲ့ Apple ID, Password နဲ့ Login ၀င်ရမှာပါ။ Microsoft Office Files အပါအဝင် Compatible File များကို iCloud Drive မှာ ထည့်သွင်းထားရင် ၀က်ဆိုက်မှာ Login ၀င်ခြင်း ဖြင့် နေရာတိုင်းမှ အခမဲ့ Edit လုပ်နိုင်မှာပါ။ ဒါကြောင့် iCloud Drive နဲ့ပတ်သက်လို့ သိသင့်တာလေးတွေကိုဖော်ပြပေးလိုက်ပါတယ် …….
<iCloud Security>
နာမည်ကျော်များရဲ့ iCloud အကောင့်များမှဓာတ်ပုံများ ခိုးယူခံရမှု အပြီးမှာ iCloud လုံခြုံရေးကို သတင်းခေါင်း စီးများမှာ ဖော်ပြလာကြ ပါတယ်။ အသုံးပြုသူများက စိ်တ်ပူခဲ့ကြပေမယ့် Apple က ဟက်ခံရတဲ့ အကောင့်မရှိဘူးလို့ထပ်တလဲလဲအတည်ပြုပါတယ်။ ဖောက်ထွင်းခံရတဲ့ လူများဟာ မှန်းဆလို့ သို့မဟုတ် ဖောက်ထွင်းဖို့ လွယ်ကူသည့် အလွန် အားနည်းတဲ့ Password များကို အသုံးပြုခဲ့ကြတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဟက်ကာများ က Password ကို သိသွားပြီးတော့ ဓာတ်ပုံ များကို ခိုးယူသွားတာဖြစ်ပါတယ်။ ဒါဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် iCloud ကို အသုံးပြုတဲ့အခါမှာ လုံခြံုအောင်နေဖို့ဆိုတာ အရေးကြီးပါတယ်။ Two-Step Verification က ဒါကို ကူညီပေးနိုင်ပါ တယ်။ တစ်စုံတစ်ယောက်က သင့်ရဲ့ Password ကို သိသွားရင်တောင် သင့်ရဲ့ iPhone လို Trusted Device ကနေ အတည်ပြုပေးမှအဲဒီလူက သင့်အကောင့်ထဲဝင်လို့ရမှာဖြစ်ပါတယ်။
<iCloud ဖြင့် လုံခြံုအောင် ကာကွယ်ပါ>
Photos, Documents ကနေ Messages အထိ iCloud ကနေ ပေးပို့တဲ့ အရာအားလုံးကို အနည်းဆုံး 128-bit AES Encryption ဖြင့် ကာကွယ် ထားတဲ့အတွက် သင့်ရဲ့ iCloud မှဒေတာများဟာ လုံခြံုစိတ်ချရပါတယ်။ Apple Servers များမှာ ဖြစ်စေ၊ ပေးပို့ရယူတဲ့ အခါမှာဖြစ်စေ သင့်ရဲ့ ဒေတာများဟာ အလွန်လုံခြံုပါတယ်။ အဲဒီအတွက် သင့်အကောင့်ထဲသို့ တစ်စုံတစ်ယောက်က ဖောက်ထွင်းဝင်ရောက်ပြီး ဖိုင်များကိုခိုးယူမှာကို စိတ်ပူစရာမလို ပါဘူး။ ဒါပေမယ့်ဖိုင်များကို လုံခြံုအောင်သိမ်းဆည်း ထားခြင်းက iCloud ရဲ့ တစ်ခုတည်းသောလုံခြံုရေး မဟုတ်ပါဘူး။ သင့်ရဲ့ အခြားအွန်လိုင်းအကောင့်များအတွက်လည်း လုံခြံုရေးအလွှာ နောက်တစ်ထပ်ကို ပြုလုပ်ပေးထား ပါတယ်။ အဲဒီအတွက် သင့်ရဲ့ Device အားလုံးမှာ လျင်မြန် လွယ်ကူစွာ Log In ၀င်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ၀န်ဆောင်မှုက ကလစ်တစ်ချက်နှိပ်ရုံဖြင့် အကောင့်ပြုလုပ်ဖို့ အတွက်ခက်ခဲပြီး မှန်းဆရခက်တဲ့ Passwords ကို အကြံပြုပေးနိုင်ပါတယ်။ Password ကိုထည့်သွင်းပြီးတာနဲ့ iCloud က အဲဒီ Password ကို သိမ်းဆည်းပေးမှာဖြစ်ပါတယ်။ အဲဒီအတွက် နောက်ပိုင်းမှာ Login ပြုလုပ်ရင် လွယ်ကူစေပါတယ်။ ဒါပေမယ့် သင့်ရဲ့အကောင့်ကိုဟက်ကာ များ ဖောက်ထွင်းဖို့အတွက်တော့ခက်ခဲမှာပါ။ အကောင်းဆုံးအချက်က  iCloud မှာ သိမ်းရင်သင့်ရဲ့ Passwords အားလုံးကို 256-bit AES Encryption ဖြင့် ကာကွယ်ပေးထားပါတယ်။ အဲဒီအတွက် ဘယ်သူမှ သင့်အကောင့်မှဒေတာများကို သိရှိမှာမဟုတ်ပါဘူး။ အဲဒီနောက်တွင် မိနစ်အနည်းငယ် အတွင်းမှာ Setup လုပ်နိုင်တဲ့ ရိုးရှင်းတဲ့ လုံခြံုရေး နည်းလမ်းများ ရှိပါသေးတယ်။ iOS Device Backups နဲ့ Find My iPhone တို့ဖြစ်ပါတယ်။ iCloud မှာ Backup လုပ်ဖို့ သင့်ရဲ့ iPhone, iPad တို့ကို Setup လုပ်ပါ။ သင့်ရဲ့ iPhone ပျက်ဆီး၊ ပျောက်ဆုံး ဒါမှမဟုတ် အခိုးခံရရင်လည်း သင့်ရဲ့ကိုယ်ရေးကိုယ်တာ ဒေတာများဟာ လုံခြံုတဲ့ အတွက် စိတ်ချစွာ နေနိုင်ပါတယ်။
<Two-Step Verification ကို Setup လုပ်နည်း>
အဆင့်(၁)
Appleid.apple.com သို့သွားပြီး စာမျက်နှာရဲ့ ညာဘက်မှ Manage your Apple ID ခလုတ်ကိုနှိပ်ပါ။ သင့်ရဲ့ Email, Password နဲ့ Login ၀င်ရမှာဖြစ် ပါတယ်။
အဆင့်(၂)
ဘယ်ဘက်ခြမ်းမှ Password and Security Section ကိုနှိပ်ပါ။ Menu ရဲ့ ထိပ်မှာ Two-Step Verification ကဏ္ဍရှိပါတယ်။ အဲဒါကိုနှိပ်ပါ။
အဆင့်(၃)
Website ကနေ Two-Step Verification ကို Setup လုပ်ဖို့အတွက် လိုအပ်တဲ့ အဆင့်များကို လမ်းညွှန်ပေး မှာဖြစ်ပါတယ်။ iPhone or Mac လိုမျိုး တစ်ခုကို Trusted Device အဖြစ် သတ်မှတ်ဖို့ လိုအပ်ပါတယ်။
အဆင့်(၄)
အခုဆိုရင် ပထမဆုံးအနေဖြင့် Device အသစ်တစ်ခုကနေ Login ၀င်ရင် သင့်ရဲ့ Trusted Device မှာ ကုတ် တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီကုတ်ကို ဒုတိယလုံခြံုရေးအဖြစ်  ရိုက်ထည့်ပေးဖို့လိုအပ်ပါတယ်။
<iDevice's Backup Exploration ပြုလုပ်နည်း>
iDevices တွေကို PC (or) iCloud ပေါ်မှာ မိမိ Data တွေ ဆုံးရုံးမှုမရှိ အောင်Backup လုပ်ကြတယ်။ မိမိ PC ပေါ်မှာ Backup လုပ်တာ ပြဿနာမရှိပေမယ့်အခြားတစ်ယောက်ယောက်ရဲ့ PC ပေါ်မှာ Backup လုပ်ရပြီဆို ရင်တော့ အဲဒီ Backup ထဲမှာ မိမိ Personal Data ဘယ် အတိုင်းအတာ အထိပါတယ်ဆိုတာ သိသင့်တယ် ထင်ပါတယ်။ အဲတော့ မိမိ iDevice ရဲ့ Backup File ကို Explore လုပ်ကြည့်ကြရအောင် ....
⁃ မိမိ iDevice ကို PC iTune (သို့) iTools တို့လို Third-party tool တစ်ခုခုနဲ့Backup လုပ်ပါ. Backup လုပ် ရာမှာ Encrypt iPhone Backup ( Password ထည့် )လုပ်ပါ.
- Elcomsoft Phone Breaker ကို အောက်က linkမှ Download and install လုပ်ပြီးဖွင့်ပါ.
Latest Versions တွေပါ. iOS 10.3 အထိ support လုပ်ပါတယ်.
Elcomsoft Phone Breaker 6.45.18347 for windows
https://www.elcomsoft.com/download/eppb_setup_en.msi
Key- EPPB-209-816HN-KL0ZN-XHD2Y-997XT
Elcomsoft Phone Breaker 6.45.18315 for Mac
https://www.elcomsoft.com/download/eppb_setup_en.dmg
Key- EPBM-236-9HD6I-QVWM5-J1A0Z-IE7IM
- All Tools ထဲမှာ Apple > Explore Keychain ကိုဖွင့်ပါ. Path to backup မှာ မိမိ Explore လုပ်ခြင်တဲ့ iDevice ရဲ့ Backup ကိုရွေးပေးပါ။
Backup password တောင်းရင် Backup လုပ်တုန်းက ထည့်ခဲ့တဲ့ password ကိုဖြည့်ပါ. မသိရင် Restore password ကိုနိပ်ပြီး ရှာပါ.
- Explore Keychain နေရာရောက်ပြီဆိုရင် မှန်ဘီလူးပုံလေးနဲ့ Search မှာ (com.apple.account. AppleAccount.password)(သို့)(com.apple.account.AppleAccount.password)(သို့)(com.keepsolid. sharedkeychain)ကိုရိုက်ပြီး enter ခေါက်လိုက်ပါ။ ကိုယ်ရှာလိုက်တဲ့ ဟာကို အဝါရောင်နဲ့ Hightlight လုပ်ပြီး ပြပါမယ်။
အဲဟာရဲ့အောက်မှ ( Data: ) ဆိုတဲ့နေရာမှာ မိမိ Apple ID ရဲ့ Password ကိုတွေ့ရမှာ ဖြစ်ပါတယ်။
⁃ မိမိ iDevice connect လုပ်ခဲ့ဖူးတဲ့ Wifi တွေရဲ့ Password ကိုလည်း ရှာကြည့်လို့ရပါတယ်။ Explore Key-chain နေရာမှာပဲဘယ်ဘက် အပေါ်မှာအကွက် ၃ကွက်နဲ့ View Type ရွေးလို့ရပါတယ်။ အလယ်က အကွက် ကိုရွေးလိုက်ပါ။ Wifi accounts ထဲဝင်လိုက်ရင်ကိုယ်ချိတ်ခဲ့ဖူးတဲ့ Wifi တွေရဲ့ SSID တွေနဲ့ Password တွေကို တွေ့ရပါမယ်။
ဒီလိုအချက်တွေကြောင့် မိမိ iDevice တွေကို အခြားတစ်ယောက် ယောက်ရဲ့ (သို့) ဆိုင်တစ်ဆိုင်ဆိုင်ရဲ့ PC မှာ Backup လုပ်သင့်၊ မလုပ်သင့် ကိုယ့်ဘာသာစဉ်းစားကြဖို့လိုပါလိမ့်မယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
1 comment: