Sunday, June 4, 2017
*****************************************
*****************************************
(Unicode Version)
“Huawei က MediaPad M3 Lite 8.0 Tablet ကိုမိတ်ဆက်”
Huawei က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ MediaPad M3 Lite 10 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ အရွယ်သေးမော်ဒယ်ဖြစ်တဲ့ MediaPad M3 Lite 8.0 Tablet ကို ပြသလိုက်ပါပြီ။ တက်ဘလက်မှာ Harman/Kardon Speaker ၂ လုံးတပ်ဆင်ထားပြီးရုပ်ရှင်၊ သီချင်းများ နားဆင် ကြည့်ရှုဖို့ ကောင်းမွန်ပါတယ်။
တက်ဘလက်မှာ ၈.၄ လက်မ 1920x1200 Pixel Display တပ်ဆင် ထားပြီးOcta-Core Snapdragon 435 Chipset မောင်းနှင်မှာ ဖြစ်ပါ တယ်။ RAM အပိုင်းမှာ 3GB or 4GB နဲ့ Storage အပိုင်းမှာ 32GB or 64GB များရွေးချယ်နိုင်ပါတယ်။ 128GBmicroSD Card စိုက်နိုင်ပါတယ်။ အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားတဲ့အတွက် ခန့်ညား လှပပါတယ်။ Android 7.0 Nougat ကို EMUI 5.1 ဖြင့် ပေါင်းစပ်ထား ပါတယ်။
အရှေ့နဲ့ အနောက်ဘက်မှာ 8MP Camera တစ်လုံးစီတပ်ဆင်ထားပါ တယ်။ 4800mAh Battery တပ်ဆင်ထားပြီးအောက်ခြေမှ microUSB Port ကနေအားသွင်းရမှာ ဖြစ်ပါတယ်။ Huawei ဟာတုန့်ပြန်မှု အလွန် မြန်ဆန်တဲ့ လက်ဗွေရာအာရုံခံကိရိယာများကြောင့် နာမည်ကြီးပြီးအခု တက်ဘလက်ရဲ့ Home Button အောက်မှာကိရိယာကို မြှုပ်နှံထားပါ တယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment