Wednesday, June 7, 2017

“ iPad Pro အသစ္ႏွစ္မ်ိဳးကို စင္ကာပူႏွင့္ ေဟာင္ေကာင္တြင္ ဇြန္လ (13) ရက္ေန႔ စေရာင္းမည္ ” -



Apple ကုမၸဏီကေန အသစ္မိတ္ဆက္လိုက္တဲ့ iPad Pro ေမာ္ဒယ္သစ္ႏွစ္မ်ိဳးကို စင္ကာပူနဲ႔ ေဟာင္ေကာင္မွာ ဇြန္လ (13) ရက္ေန႔ စတင္ေရာင္းခ်မယ္လို႔ သိရပါတယ္။ 10.5 လက္မနဲ႔ 12.9 လက္မအရြယ္အစားရွိတဲ့ iPad Pro ႏွစ္မ်ိဳးကို အာရွႏိုင္ငံေတြအနက္ စင္ကာပူနဲ႔ ေဟာင္ေကာင္မွာ ဇြန္လ (13) ရက္ေန႔ ရရွိမွာျဖစ္သလို အဲ့ဒီေန႔မွာပဲ US ၊ UK နဲ႔ ၾသစေၾတးလ်တို႔မွာလည္း တစ္ၿပိဳင္နက္တည္း ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာ စင္ကာပူထက္ တစ္ရက္ေနာက္က်ၿပီး ဇြန္လ (14) ရက္မွာမွ စတင္ေရာင္းခ်မွာပါ။ ဒါ့အျပင္ apple ရဲ႕ အႀကီးဆံုးေစ်းကြက္လို႔ေျပာရမယ့္ တ႐ုတ္ျပည္မွာ ေနာက္အပတ္ထဲေရာင္းခ်မယ္လို႔ ခန္႔မွန္းရၿပီး ရက္အတိအက်ထုတ္ျပန္ျခင္း မရွိေသးပါဘူး။ အိႏၵိယမွာေတာ့ ဇြန္လကုန္ေရာင္းခ်ေပးမယ္လို႔ apple ကဆိုထားၿပီး ေတာင္ကိုရီးယားႏိုင္ငံကေတာ့ ဇူလိုင္လအထိ ေစာင့္ဆိုင္းရဖြယ္ရွိပါတယ္။ အသစ္ထြက္ iPad Pro ေတြရဲ႕ Display မွာ 600nits brightness ပါဝင္ၿပီး ultra low reflectivity ၊   HRD Support တို႔ပါဝင္ပါတယ္။ Apple ရဲ႕ ProMotion နည္းပညာအရ screen ကို ပိုမိုေခ်ာေမြ႕ေစတဲ့ 120 Hz double refresh rate လည္း အသံုးျပဳထားတာ ေတြ႕ရပါတယ္။ A10X Fusion chip အသစ္ကိုလည္း အသံုးျပဳထားၿပီး A9X ထက္ CPU ပိုင္း 30% နီးပါး ပိုျမန္လာၿပီး graphic ပိုင္းလုပ္ေဆာင္ခ်က္ 40% နီးပါး ပိုျမန္လာေစမယ္လို႔ apple က ဆိုထားပါတယ္။ 10.5 လက္မ iPad Pro အတြက္ silver၊ space gray ၊ gold နဲ႔ rose gold တို႔ရရွိႏိုင္ၿပီး 64GB အတြက္ အေမရိကန္ေဒၚလာ 779 သတ္မွတ္ေရာင္းခ်မွာျဖစ္ပါတယ္။ 12.9 လက္မ မ်က္ႏွာျပင္ iPad Pro ကိုေတာ့ silver၊ space gray နဲ႔ gold အေရာင္သံုးမ်ိဳးရရွိမွာျဖစ္ၿပီး ေစ်းႏႈန္းကေတာ့ 64GB အတြက္ အေမရိကန္ေဒၚလာ 929 လို႔ သိရပါတယ္။ iPad Pro နဲ႔တြဲဖက္အသံုးျပဳမယ့္ apple pencil ကို အေမရိကန္ေဒၚလာ 99 သတ္မွတ္ထားၿပီး charcoal gray အေရာင္နဲ႔ smart keyboard ေစ်းႏႈန္းကေတာ့ 10.5 လက္မအတြက္ 159 ေဒၚလာနဲ႔ 12.9 လက္မအတြက္ 169 ေဒၚလာ အသီးသီးက်သင့္မွာျဖစ္ပါတယ္။ ဘာသာစကားေပါင္း 30 ေက်ာ္ထည့္သြင္းေပးထားၿပီး တ႐ုတ္၊ ျပင္သစ္၊ ဂ်ာမန္၊ စပိန္ ၊ ဂ်ပန္စာေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

သံစဥ္ခ်ိဳ

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal

----------------------------------------------------------------------------------------------------------------------------------------------------------------------------

(Unicode Version)

“ iPad Pro အသစ်နှစ်မျိုးကို စင်ကာပူနှင့် ဟောင်ကောင်တွင် ဇွန်လ (13) ရက်နေ့ စရောင်းမည် ”
----------------

Apple ကုမ္ပဏီကနေ အသစ်မိတ်ဆက်လိုက်တဲ့ iPad Pro မော်ဒယ်သစ်နှစ်မျိုးကို စင်ကာပူနဲ့ ဟောင်ကောင်မှာ ဇွန်လ (13) ရက်နေ့ စတင်ရောင်းချမယ်လို့ သိရပါတယ်။ 10.5 လက်မနဲ့ 12.9 လက်မအရွယ်အစားရှိတဲ့ iPad Pro နှစ်မျိုးကို အာရှနိုင်ငံတွေအနက် စင်ကာပူနဲ့ ဟောင်ကောင်မှာ ဇွန်လ (13) ရက်နေ့ ရရှိမှာဖြစ်သလို အဲ့ဒီနေ့မှာပဲ US ၊ UK နဲ့ သြစတြေးလျတို့မှာလည်း တစ်ပြိုင်နက်တည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ စင်ကာပူထက် တစ်ရက်နောက်ကျပြီး ဇွန်လ (14) ရက်မှာမှ စတင်ရောင်းချမှာပါ။ ဒါ့အပြင် apple ရဲ့ အကြီးဆုံးစျေးကွက်လို့ပြောရမယ့် တရုတ်ပြည်မှာ နောက်အပတ်ထဲရောင်းချမယ်လို့ ခန့်မှန်းရပြီး ရက်အတိအကျထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အိန္ဒိယမှာတော့ ဇွန်လကုန်ရောင်းချပေးမယ်လို့ apple ကဆိုထားပြီး တောင်ကိုရီးယားနိုင်ငံကတော့ ဇူလိုင်လအထိ စောင့်ဆိုင်းရဖွယ်ရှိပါတယ်။ အသစ်ထွက် iPad Pro တွေရဲ့ Display မှာ 600nits brightness ပါဝင်ပြီး ultra low reflectivity ၊   HRD Support တို့ပါဝင်ပါတယ်။ Apple ရဲ့ ProMotion နည်းပညာအရ screen ကို ပိုမိုချောမွေ့စေတဲ့ 120 Hz double refresh rate လည်း အသုံးပြုထားတာ တွေ့ရပါတယ်။ A10X Fusion chip အသစ်ကိုလည်း အသုံးပြုထားပြီး A9X ထက် CPU ပိုင်း 30% နီးပါး ပိုမြန်လာပြီး graphic ပိုင်းလုပ်ဆောင်ချက် 40% နီးပါး ပိုမြန်လာစေမယ်လို့ apple က ဆိုထားပါတယ်။ 10.5 လက်မ iPad Pro အတွက် silver၊ space gray ၊ gold နဲ့ rose gold တို့ရရှိနိုင်ပြီး 64GB အတွက် အမေရိကန်ဒေါ်လာ 779 သတ်မှတ်ရောင်းချမှာဖြစ်ပါတယ်။ 12.9 လက်မ မျက်နှာပြင် iPad Pro ကိုတော့ silver၊ space gray နဲ့ gold အရောင်သုံးမျိုးရရှိမှာဖြစ်ပြီး စျေးနှုန်းကတော့ 64GB အတွက် အမေရိကန်ဒေါ်လာ 929 လို့ သိရပါတယ်။ iPad Pro နဲ့တွဲဖက်အသုံးပြုမယ့် apple pencil ကို အမေရိကန်ဒေါ်လာ 99 သတ်မှတ်ထားပြီး charcoal gray အရောင်နဲ့ smart keyboard စျေးနှုန်းကတော့ 10.5 လက်မအတွက် 159 ဒေါ်လာနဲ့ 12.9 လက်မအတွက် 169 ဒေါ်လာ အသီးသီးကျသင့်မှာဖြစ်ပါတယ်။ ဘာသာစကားပေါင်း 30 ကျော်ထည့်သွင်းပေးထားပြီး တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန် ၊ ဂျပန်စာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal

No comments:

Post a Comment