Saturday, June 3, 2017

" Vivo V5 နဲ႔ Y55s တို႔အၾကား ဘယ္လိုမ်ိဳးျခားနားခ်က္ေလးေတြ ရွိေနပါသလဲ "

" Vivo V5 နဲ႔ Y55s တို႔အၾကား ဘယ္လိုမ်ိဳးျခားနားခ်က္ေလးေတြ ရွိေနပါသလဲ "
----------------

အရည္အေသြးျမင့္ ေစ်းႏႈန္းသင့္တင့္တဲ့ Smartphone ေတြကို ထုတ္လုပ္ေရာင္းခ်ေပးလ်က္ရွိတဲ့ Vivo ဟာ ျပည္တြင္းေစ်းကြက္အတြင္းမွာေတာ့ အလယ္အလတ္တန္းစား Smartphone Model ႏွစ္မ်ိဳးျဖစ္တဲ့ Y55s နဲ႔ V5 တို႔ကို ေရာင္းခ်ေပးလ်က္ရွိပါတယ္။ ေစ်းႏႈန္းအေနအထားအရ ၾကည့္မယ္ဆိုရင္ေတာ့ Y55s က ေငြက်ပ္ (228,000) ျဖစ္ၿပီး V5 ကေတာ့ ေငြက်ပ္ (318,000) ပါ။ ေနာက္ၿပီးေတာ့ အေရာင္မွာဆိုရင္လည္း Y55s မွာက Gold နဲ႔ Rose Gold ကို ထုတ္လုပ္ေပးထားသလို V5 မွာကေတာ့ Gold, Rose Gold အျပင္ Matte Black ကိုပါ ေရြးခ်ယ္၀ယ္ယူလို႔ရမွာ ျဖစ္ပါတယ္။ ကိုယ္ထည္ပိုင္းေတြကိုေတာ့ Full Metal Body ပံုစံဖန္တီးေပးထားတဲ့အျပင္ ဒီဇိုင္းပိုင္းကို ပါးလႊာမႈရွိေအာင္ ျပဳလုပ္ေပးထားပါတယ္။ Y55s ရဲ႕အထူက (7.5) mm ရွိၿပီး V5 ရဲ႕ အထူက (7.6) mm ရွိပါတယ္။ မ်က္ႏွာျပင္အရြယ္အစားကို ေျပာမယ္ဆိုရင္ V5 မွာ (5.5) လက္မရွိတဲ့ မ်က္ႏွာျပင္ကို အသံုးျပဳေပးထားကာ Y55s မွာေတာ့ (5.2) လက္မရွိတဲ့ မ်က္ႏွာျပင္ကို အသံုးျပဳေပးထားပါတယ္။ အဆိုပါမ်က္ႏွာျပင္ေတြအေပၚမွာေတာ့ Multitouch အသံုးျပဳႏိုင္မွာပါ။ ဖုန္း Model ႏွစ္မ်ိဳးစလံုးမွာ (720 x 1280) Pixels HD Display ေတြကို အသံုးျပဳေပးထားသလို V5 ရဲ႕မ်က္ႏွာျပင္ကို Corning Gorilla Glass ျဖင့္ ဖံုးအုပ္ေပးထားေပမယ့္ Y55s မွာေတာ့ Gorilla Glass ျဖင့္ ဖံုးအုပ္ေပးထားျခင္း မရွိပါဘူး။ ေနာက္ၿပီးေတာ့ V5 မွာက မ်က္စိထိခိုက္မႈမွ ကာကြယ္ေပးမယ့္ Eye Protection နည္းပညာေတြ ပါရွိေပမယ့္ Y55s မွာေတာ့ Eye Protection နည္းပညာ ထည့္သြင္းေပးထားျခင္း မရွိပါဘူး။ ဒီဖုန္း Model ႏွစ္ခုမွာက ဖုန္းတြင္းလုပ္ေဆာင္ခ်က္ေတြအတြက္ သံုးထားေပးတဲ့ Processor Model အမ်ိဳးအစားေတြလည္း တူညီမႈမရွိပါဘူး။ Y55s မွာက Qualcomm MSM8917 Snapdragon 425 အမ်ိဳးအစား Octa-Core 1.4 GHz Processor ကိုအသံုးျပဳေပးထားကာ V5 မွာေတာ့ Mediatek MT6750 အမ်ိဳးအစား Octa-Core 1.5GHz Processor ကို အသံုးျပဳေပးထားပါတယ္။ V5 မွာက RAM (4) GB, ROM (32) GB ျဖစ္သလို Y55s မွာကေတာ့ RAM (2) GB, ROM (16) GB ပါ။ Sim Slot 2 မွာ Sim Card ထည့္မသံုးဘူးဆိုရင္ေတာ့ MicroSD Card ထည့္သြင္းအသံုးျပဳခြင့္ကို ႏွစ္မ်ိဳးစလံုးမွာ အသီးသီးေပးအပ္ထားပါတယ္။ ဒါ့အျပင္ Software ပိုင္းလုပ္ေဆာင္ခ်က္ေတြအတြက္ V5 မွာ Android 6.0 (Marshmallow) နဲ႔အတူ Funtouch OS 2.6 ကိုအသံုးျပဳေပးထားၿပီး Y55s မွာေတာ့ Android 6.0 (Marshmallow) နဲ႔အတူ Funtouch OS 3.0 ကိုအသံုးျပဳေပးထားတာပါ။ ဖုန္းတြင္း Security ပိုင္းအတြက္လည္း V5 မွာက Fingerprint Scanner ကို ဖုန္းရဲ႕အေရွ႕ဘက္ မ်က္ႏွာျပင္ေအာက္ပိုင္းမွာ တပ္ဆင္ေပးထားေပမယ့္ Y55s မွာ Fingerprint လုပ္ေဆာင္ခ်က္ မပါရွိပါဘူး။ ဘက္ထရီပိုင္းကို ၾကည့္မယ္ဆိုရင္ 2730 mAh ဘက္ထရီအမ်ိဳးအစားကို အသံုးျပဳေပးထားတဲ့ Y55s ထက္ေတာ့ 3000 mAh ဘက္ထရီအမ်ိဳးအစားကို သံုးေပးထားတဲ့ V5 ကေတာ့ သာလြန္ေကာင္းမြန္ပါတယ္။ ကင္မရာပိုင္းကို ေျပာရရင္ (13.0) Megapixels စီ တပ္ဆင္ေပးထားတဲ့ အေနာက္ကင္မရာပိုင္းမွာေတာ့ သိသိသာသာ ကြာျခားသြားတာမ်ိဳး မရွိပါဘူး။ ဒါေပမယ့္ Selfie ကင္မရာလို႔ ဆိုလိုက္တာနဲ႔ေတာ့ V5 က တကယ့္ကုိ လံုး၀သာလြန္သြားပါၿပီ။ (20.0) MP ကင္မရာကို အသံုးျပဳေပးထားသလို အလင္းအားနည္းတဲ့ အေျခအေနေတြမွာ အလိုအေလ်ာက္ အလင္းျပည့္၀ေအာင္ ျဖည့္စြမ္းေပးမယ့္ Selfie SoftLight လုပ္ေဆာင္ခ်က္ ပါရွိပါတယ္။ Y55s မွာေတာ့ (5.0) MP ရွိတဲ့ Selfie ကင္မရာကို တပ္ဆင္ေပးထားတဲ့အျပင္ အလင္းျဖည့္ေပးဖို႔အတြက္က Screen Flash လုပ္ေဆာင္ခ်က္သာ ပါရွိပါတယ္။ အျခားဓာတ္ပံုနဲ႔ ဗီဒီယိုေတြ႐ိုက္ကူးမႈအပိုင္းမွာလည္း V5 ရဲ႕လုပ္ေဆာင္ခ်က္က Y55s ထက္ သာလြန္ေကာင္းမြန္ပါတယ္။ အခုေလာက္ဆိုရင္ Vivo V5 နဲ႔ Y55s တို႔ရဲ႕ ကြဲျပားျခားနားခ်က္ေလးေတြကို သိရွိေလာက္ၿပီလို႔ ထင္ျမင္ယူဆမိပါတယ္။ ဒီ V5 နဲ႔ Y55s Smartphone ႏွစ္ခုရဲ႕ ေစ်းႏႈန္းပိုင္းကြာျခားခ်က္ကေတာ့ ေငြက်ပ္ (90,000) ျဖစ္ပါတယ္။ ဒီဇိုင္းနဲ႔ ကိုယ္ထည္ပိုင္း ဖြဲ႕စည္းတည္ေဆာင္မႈပံုစံေတြမွာ သိသိသာသာ ျခားနားခ်က္သိပ္မရွိေပမယ့့္ ဖုန္းတြင္းမွာပါရွိတဲ့ Display, Processor, RAM, Battery စတာေတြမွာေတာ့ V5 က သာလြန္ေနၿပီး အထူးသျဖင့္ Selfie ကင္မရာပိုင္း သိသိသာသာ ေကာင္းမြန္မႈရွိပါတယ္။ ေနာက္ၿပီးေတာ့ V5 မွာက Matte Black အေရာင္ကလည္း အနက္ခ်စ္သူေတြအတြက္ ေရြးခ်ယ္စရာတစ္ခု ျဖစ္လာခဲ့ပါတယ္။ တကယ္လို႔သာ မိမိသတ္မွတ္ထားတဲ့ Budget က ေငြက်ပ္ ႏွစ္သိန္းခြဲေအာက္ဆိုရင္ေတာ့ Y55s ကိုသာေရြးခ်ယ္ဖို႔ အၾကံျပဳလိုၿပီး မိမိက Fingerprint ပါရွိတာ၊ RAM , ROM နဲ႔ CPU ေတြ ပိုေကာင္းတာ၊ Selfie ကင္မရာေကာင္းတဲ့ဟာကိုမွ ႀကိဳက္တယ္ဆိုရင္ေတာ့ V5 ကိုပဲ ေရြးခ်ယ္ၾကဖို႔ အၾကံျပဳလိုပါတယ္။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

------------------------------------------------------------------------------------------------------------------------------------------------------

(Unicode Version)

" Vivo V5 နဲ့ Y55s တို့အကြား ဘယ်လိုမျိုးခြားနားချက်လေးတွေ ရှိနေပါသလဲ "
----------------

အရည်အသွေးမြင့် စျေးနှုန်းသင့်တင့်တဲ့ Smartphone တွေကို ထုတ်လုပ်ရောင်းချပေးလျက်ရှိတဲ့ Vivo ဟာ ပြည်တွင်းစျေးကွက်အတွင်းမှာတော့ အလယ်အလတ်တန်းစား Smartphone Model နှစ်မျိုးဖြစ်တဲ့ Y55s နဲ့ V5 တို့ကို ရောင်းချပေးလျက်ရှိပါတယ်။ စျေးနှုန်းအနေအထားအရ ကြည့်မယ်ဆိုရင်တော့ Y55s က ငွေကျပ် (228,000) ဖြစ်ပြီး V5 ကတော့ ငွေကျပ် (318,000) ပါ။ နောက်ပြီးတော့ အရောင်မှာဆိုရင်လည်း Y55s မှာက Gold နဲ့ Rose Gold ကို ထုတ်လုပ်ပေးထားသလို V5 မှာကတော့ Gold, Rose Gold အပြင် Matte Black ကိုပါ ရွေးချယ်ဝယ်ယူလို့ရမှာ ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းတွေကိုတော့ Full Metal Body ပုံစံဖန်တီးပေးထားတဲ့အပြင် ဒီဇိုင်းပိုင်းကို ပါးလွှာမှုရှိအောင် ပြုလုပ်ပေးထားပါတယ်။ Y55s ရဲ့အထူက (7.5) mm ရှိပြီး V5 ရဲ့ အထူက (7.6) mm ရှိပါတယ်။ မျက်နှာပြင်အရွယ်အစားကို ပြောမယ်ဆိုရင် V5 မှာ (5.5) လက်မရှိတဲ့ မျက်နှာပြင်ကို အသုံးပြုပေးထားကာ Y55s မှာတော့ (5.2) လက်မရှိတဲ့ မျက်နှာပြင်ကို အသုံးပြုပေးထားပါတယ်။ အဆိုပါမျက်နှာပြင်တွေအပေါ်မှာတော့ Multitouch အသုံးပြုနိုင်မှာပါ။ ဖုန်း Model နှစ်မျိုးစလုံးမှာ (720 x 1280) Pixels HD Display တွေကို အသုံးပြုပေးထားသလို V5 ရဲ့မျက်နှာပြင်ကို Corning Gorilla Glass ဖြင့် ဖုံးအုပ်ပေးထားပေမယ့် Y55s မှာတော့ Gorilla Glass ဖြင့် ဖုံးအုပ်ပေးထားခြင်း မရှိပါဘူး။ နောက်ပြီးတော့ V5 မှာက မျက်စိထိခိုက်မှုမှ ကာကွယ်ပေးမယ့် Eye Protection နည်းပညာတွေ ပါရှိပေမယ့် Y55s မှာတော့ Eye Protection နည်းပညာ ထည့်သွင်းပေးထားခြင်း မရှိပါဘူး။ ဒီဖုန်း Model နှစ်ခုမှာက ဖုန်းတွင်းလုပ်ဆောင်ချက်တွေအတွက် သုံးထားပေးတဲ့ Processor Model အမျိုးအစားတွေလည်း တူညီမှုမရှိပါဘူး။ Y55s မှာက Qualcomm MSM8917 Snapdragon 425 အမျိုးအစား Octa-Core 1.4 GHz Processor ကိုအသုံးပြုပေးထားကာ V5 မှာတော့ Mediatek MT6750 အမျိုးအစား Octa-Core 1.5GHz Processor ကို အသုံးပြုပေးထားပါတယ်။ V5 မှာက RAM (4) GB, ROM (32) GB ဖြစ်သလို Y55s မှာကတော့ RAM (2) GB, ROM (16) GB ပါ။ Sim Slot 2 မှာ Sim Card ထည့်မသုံးဘူးဆိုရင်တော့ MicroSD Card ထည့်သွင်းအသုံးပြုခွင့်ကို နှစ်မျိုးစလုံးမှာ အသီးသီးပေးအပ်ထားပါတယ်။ ဒါ့အပြင် Software ပိုင်းလုပ်ဆောင်ချက်တွေအတွက် V5 မှာ Android 6.0 (Marshmallow) နဲ့အတူ Funtouch OS 2.6 ကိုအသုံးပြုပေးထားပြီး Y55s မှာတော့ Android 6.0 (Marshmallow) နဲ့အတူ Funtouch OS 3.0 ကိုအသုံးပြုပေးထားတာပါ။ ဖုန်းတွင်း Security ပိုင်းအတွက်လည်း V5 မှာက Fingerprint Scanner ကို ဖုန်းရဲ့အရှေ့ဘက် မျက်နှာပြင်အောက်ပိုင်းမှာ တပ်ဆင်ပေးထားပေမယ့် Y55s မှာ Fingerprint လုပ်ဆောင်ချက် မပါရှိပါဘူး။ ဘက်ထရီပိုင်းကို ကြည့်မယ်ဆိုရင် 2730 mAh ဘက်ထရီအမျိုးအစားကို အသုံးပြုပေးထားတဲ့ Y55s ထက်တော့ 3000 mAh ဘက်ထရီအမျိုးအစားကို သုံးပေးထားတဲ့ V5 ကတော့ သာလွန်ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းကို ပြောရရင် (13.0) Megapixels စီ တပ်ဆင်ပေးထားတဲ့ အနောက်ကင်မရာပိုင်းမှာတော့ သိသိသာသာ ကွာခြားသွားတာမျိုး မရှိပါဘူး။ ဒါပေမယ့် Selfie ကင်မရာလို့ ဆိုလိုက်တာနဲ့တော့ V5 က တကယ့်ကို လုံးဝသာလွန်သွားပါပြီ။ (20.0) MP ကင်မရာကို အသုံးပြုပေးထားသလို အလင်းအားနည်းတဲ့ အခြေအနေတွေမှာ အလိုအလျောက် အလင်းပြည့်ဝအောင် ဖြည့်စွမ်းပေးမယ့် Selfie SoftLight လုပ်ဆောင်ချက် ပါရှိပါတယ်။ Y55s မှာတော့ (5.0) MP ရှိတဲ့ Selfie ကင်မရာကို တပ်ဆင်ပေးထားတဲ့အပြင် အလင်းဖြည့်ပေးဖို့အတွက်က Screen Flash လုပ်ဆောင်ချက်သာ ပါရှိပါတယ်။ အခြားဓာတ်ပုံနဲ့ ဗီဒီယိုတွေရိုက်ကူးမှုအပိုင်းမှာလည်း V5 ရဲ့လုပ်ဆောင်ချက်က Y55s ထက် သာလွန်ကောင်းမွန်ပါတယ်။ အခုလောက်ဆိုရင် Vivo V5 နဲ့ Y55s တို့ရဲ့ ကွဲပြားခြားနားချက်လေးတွေကို သိရှိလောက်ပြီလို့ ထင်မြင်ယူဆမိပါတယ်။ ဒီ V5 နဲ့ Y55s Smartphone နှစ်ခုရဲ့ စျေးနှုန်းပိုင်းကွာခြားချက်ကတော့ ငွေကျပ် (90,000) ဖြစ်ပါတယ်။ ဒီဇိုင်းနဲ့ ကိုယ်ထည်ပိုင်း ဖွဲ့စည်းတည်ဆောင်မှုပုံစံတွေမှာ သိသိသာသာ ခြားနားချက်သိပ်မရှိပေမယ့့် ဖုန်းတွင်းမှာပါရှိတဲ့ Display, Processor, RAM, Battery စတာတွေမှာတော့ V5 က သာလွန်နေပြီး အထူးသဖြင့် Selfie ကင်မရာပိုင်း သိသိသာသာ ကောင်းမွန်မှုရှိပါတယ်။ နောက်ပြီးတော့ V5 မှာက Matte Black အရောင်ကလည်း အနက်ချစ်သူတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ တကယ်လို့သာ မိမိသတ်မှတ်ထားတဲ့ Budget က ငွေကျပ် နှစ်သိန်းခွဲအောက်ဆိုရင်တော့ Y55s ကိုသာရွေးချယ်ဖို့ အကြံပြုလိုပြီး မိမိက Fingerprint ပါရှိတာ၊ RAM , ROM နဲ့ CPU တွေ ပိုကောင်းတာ၊ Selfie ကင်မရာကောင်းတဲ့ဟာကိုမှ ကြိုက်တယ်ဆိုရင်တော့ V5 ကိုပဲ ရွေးချယ်ကြဖို့ အကြံပြုလိုပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment