Sunday, June 4, 2017

" Samsung Galaxy C9 Pro "



Samsung ဖုန္းေတြထဲမွာမွ Samsung Galaxy C9 Pro ဟာ ဘက္ထရီစြမ္းအားေကာင္းေကာင္းနဲ႔ RAM အျမင့္မားဆံုး စမတ္ဖုန္းတစ္လံုးျဖစ္ၿပီး အေပါ့ပါးဆံုး Dual SIM ဖုန္းလည္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္က်ယ္ တဲ့အတြက္ Phablet ဖုန္းအမ်ိဳးအစားလုိ႔ေျပာႏိုင္ၿပီး သံုးစြဲရတာ အလြန္အဆင္ေျပတဲ့ ေနာက္ဆံုးေပၚ specs ေတြနဲ႔ features ေတြေတာ္ေတာ္မ်ားမ်ားကို ထည့္သြင္းေပးထားတာကိုေတြ႕ရပါတယ္။ မ်က္ႏွာျပင္က်ယ္ က်ယ္နဲ႔ NFC Samsung ဖုန္းတစ္လံုးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ကင္မရာစြမ္းအားေကာင္းမြန္သလုိ Internal memoryကိုလည္း လံုလံုေလာက္ေလာက္ ေထာက္ပံ့ေပးထားပါတယ္။ ဒါေၾကာင့္ Premium စမတ္ဖုန္းတစ္လံုး ရဲ႕ အဂၤါရပ္ေတြအကုန္လံုးန႔ဲကိုက္ညီတဲ့ေနာက္ဆံုးေပၚ အဆင့္ျမင့္စမတ္ဖုန္းပဲျဖစ္ပါတယ္။ GSM ၊ HSPA နဲ႔  LTE  networks ေတြမွာ သံုးစြဲႏိုင္ၿပီး Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သံုး ႏိုင္ပါတယ္။ အသံုးျပဳထားတဲ့ Non-removable 4000 mAh battery က လုပ္ေဆာင္ခ်က္ေတာ္ေတာ္မ်ားမ်ားကို အခ်ိန္အၾကာႀကီး ျပဳလုပ္ႏိုင္ၿပီး Fast Battery Charging စနစ္ပါရွိတဲ့အတြက္ ဖုန္းအားသြင္းရတာလည္း ျမန္ဆန္ပါတယ္။

Design & Build

>>>>>

ကိုယ္ထည္တည္ေဆာက္ပံုက ပါးလႊာက်စ္လ်စ္ၿပီး ခုိင္ခုိင္ခ့ံခံ့ လက္ထဲမွာလည္း ၿမဲၿမံစြာကိုင္တြယ္အသံုးျပဳႏိုင္ပါတယ္။ မ်က္ႏွာျပင္အေပၚကေန Corning Gorilla glass  ကိုထပ္မံဖံုးအုပ္ေပးထားလုိ႔ အၾကမ္းခံၿပီး အစင္းရာအျခစ္ရာေတြကိုလည္း အလြယ္တကူမျဖစ္ေစႏုိင္ပါဘူး။ ဒီဇိုင္းပံုစံကေတာ့ အရင္ Samsung ဖုန္းေတြအတုိင္းပဲျဖစ္ၿပီး ဘာမွသိပ္ထူးျခားမေနပါဘူး။ အေရွ႕ဘက္ Home button မွာ fingerprint sensor  ကိုထည့္သြင္းထားၿပီး ၄င္းက ဖုန္းကိုလံုၿခံဳစြာ ကာကြယ္ေပးထားႏိုင္သလို unlock လုပ္ရတာ အဆင္ေျပၿပီး လုပ္ေဆာင္ခ်က္ေတြကလည္း ျမန္ဆန္မႈရွိပါတယ္။ ဖုန္းအရြယ္အစားက 162.9 x 80.7 x 6.9 mm  ရွိၿပီး 189g အေလးခ်ိန္ရွိတာေၾကာင့္ အလြန္ပါးတဲ့ ဖုန္းတစ္လံုးပဲျဖစ္ၿပီး အေလးခ်ိန္ကေတာ့ ဘက္ထရီစြမ္းအားေကာင္းတဲ့ ဖုန္းေတြရဲ႕ ပံုမွန္အေလးခ်ိန္မွာရွိပါတယ္။ အေနာက္ကင္မရာက ေနာက္ေက်ာအေပၚဘက္ အလယ္တည့္တည့္ မွာ တည္ရွိပါတယ္။ ၄င္းေဘးကပ္လ်က္မွာေတာ့ LED Flash မီးလုံးေလးကိုေတြ႕ရမွာပါ။ ဖုန္းရဲ႕ညာဘက္ ေဘးေဘာင္မွာ ပါ၀ါခလုတ္ကိုထည့္သြင္းထားၿပီး ဘယ္ဘက္မွာေတာ့ အသံအတိုးအက်ယ္ခလုတ္ေတြ ပါရွိပါတယ္။ အေရာင္ေတြအေနနဲ႔ဆိုရင္လည္း ၄င္းရဲ႕ဒီဇိုင္းပံုစံတည္ေဆာက္ပံုနဲ႔ လုိက္ဖက္ညီတဲ့ Gold ၊ Pink Gold နဲ႔ Black ဆိုတဲ့ အေရာင္ 3 မ်ိဳးကို ထုတ္လုပ္ေပးထားပါတယ္။

Display

>>>>>

6 လက္မအက်ယ္ရွိတဲ့ မ်က္ႏွာျပင္ကို Super AMOLED capacitive touchscreen display အမ်ိဳးအစားနဲ႔ျပဳ လုပ္ထားၿပီး 1080 x 1920 pixels ရွိတဲ့  ျမင္ကြင္းစြမ္းအားေတြကိုျပသေပးႏိုင္ပါတယ္။ 1 လက္မအတိုင္းအတာ မွာ ရရွိႏုိင္မယ့္သိပ္သည္းဆပမာဏက ~367 ppi pixels ေတာင္ရွိတဲ့အတြက္ ရုပ္ရွင္ေတြ၊ ဗီဒီယုိေတြၾကည့္ရ တာလည္း ၾကည္လင္ျပတ္သားမႈရွိပါတယ္။မ်က္ႏွာျပင္ေပၚမွာ multitouch စနစ္ကိုသံုးစြဲႏုိင္လုိ႔ အလြန္အဆင္ ေျပပါတယ္။

Operating System and Camera

>>>>>

အထဲမွာ Android OS,v6.0.1 (Marshmallow) ကို run ထားၿပီး Samsung ရဲ႕သံုးေနက် UI ကိုပဲ သံုးစြဲထားပါတယ္။ အေနာက္ကင္မရာနဲ႔အေရွ႕ကင္မရာ 2 ခုစလံုးက  16 MP နဲ႔  f/1.9 aperture စြမ္းအားေတြကို ေပးစြမ္းႏုိင္လုိ႔ၾကည္လင္ျပတ္သားတဲ့ ဓာတ္ပံုေတြနဲ႔ အရည္အေသြးျမင့္တဲ့ ဗီဒီယုိေတြကို ရိုက္ကူးႏုိင္ပါတယ္။ ဒါ့အျပင္ အသံုး၀င္တဲ့ features ေတြအမ်ားႀကီးလည္း ပါရွိပါေသးတယ္။

Performance

>>>>>

ဖုန္းစြမ္းေဆာင္ရည္ေတြအတြက္ အလြန္အေရးႀကီးတဲ့ processor စြမ္းအားပိုင္းကို Qualcomm MSM8976 Snapdragon 653 chipset နဲ႔ RAM 6 GB  ပါရွိတဲ့ Octa-core (4x1.95 GHz Cortex-A72 & 4x1.4 GHz Cortex-A53) pro-sessor က တိက်ျမန္ဆန္တဲ့ လုပ္ေဆာင္ခ်က္ေတြကို ေပးစြမ္းႏိုင္တယ္။ ဒါ့အျပင္ ေထာက္ပံ့ေပးထားတဲ့ Adreno 510 graphics card ကလည္း ႐ုပ္ထြက္ပိုင္းကို အေကာင္းဆံုးပံ့ပိုးေပးႏုိင္လုိ႔ သဘာ၀က်တဲ့ ႐ုပ္ထြက္မ်ိဳးကိုရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ဂိမ္းေတြ၊ Apps ေတြ အကုန္လံုးကို စြမ္းေဆာင္ရည္ျမင့္ျမင့္၊ ႐ုပ္ထြက္ေကာင္းေကာင္းနဲ႔ အဆင္ေျပေျပကစားႏုိင္မွာပါ။ ဒါတင္မကေသးဘဲ multitasking ေတြလုပ္တဲ့အခါမွာလည္း စက္ဟမ္းသြားျခင္းမရွိေအာင္အေကာင္းဆံုးေထာက္ပံ့ေပးႏိုင္ပါတယ္။

**Specification**

Display : 6.0 inch, Super AMOLED Capactive Touchscreen Memory : 64 GB, 6 GB RAM, microSD, up to 256 GB
Camera : 16MP(Back), autofocus, dual-LED Flash
OS : Android OS, v 6.0.1(Marshmallow)
Phone : 09-774788861 (C4E Computer & Mobile)
Price : 714,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

--------------------------------------------------------------------------------------

(Unicode Version)

" Samsung Galaxy C9 Pro "
---------------------

Samsung ဖုန်းတွေထဲမှာမှ Samsung Galaxy C9 Pro ဟာ ဘက်ထရီစွမ်းအားကောင်းကောင်းနဲ့ RAM အမြင့်မားဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ပြီး အပေါ့ပါးဆုံး Dual SIM ဖုန်းလည်း ဖြစ်ပါတယ်။ မျက်နှာပြင်ကျယ် တဲ့အတွက် Phablet ဖုန်းအမျိုးအစားလို့ပြောနိုင်ပြီး သုံးစွဲရတာ အလွန်အဆင်ပြေတဲ့ နောက်ဆုံးပေါ် specs တွေနဲ့ features တွေတော်တော်များများကို ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။ မျက်နှာပြင်ကျယ် ကျယ်နဲ့ NFC Samsung ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာစွမ်းအားကောင်းမွန်သလို Internal memoryကိုလည်း လုံလုံလောက်လောက် ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် Premium စမတ်ဖုန်းတစ်လုံး ရဲ့ အင်္ဂါရပ်တွေအကုန်လုံးနဲ့ကိုက်ညီတဲ့နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းပဲဖြစ်ပါတယ်။ GSM ၊ HSPA နဲ့  LTE  networks တွေမှာ သုံးစွဲနိုင်ပြီး Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံး နိုင်ပါတယ်။ အသုံးပြုထားတဲ့ Non-removable 4000 mAh battery က လုပ်ဆောင်ချက်တော်တော်များများကို အချိန်အကြာကြီး ပြုလုပ်နိုင်ပြီး Fast Battery Charging စနစ်ပါရှိတဲ့အတွက် ဖုန်းအားသွင်းရတာလည်း မြန်ဆန်ပါတယ်။

Design & Build

>>>>>

ကိုယ်ထည်တည်ဆောက်ပုံက ပါးလွှာကျစ်လျစ်ပြီး ခိုင်ခိုင်ခ့ံခံ့ လက်ထဲမှာလည်း မြဲမြံစွာကိုင်တွယ်အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်အပေါ်ကနေ Corning Gorilla glass  ကိုထပ်မံဖုံးအုပ်ပေးထားလို့ အကြမ်းခံပြီး အစင်းရာအခြစ်ရာတွေကိုလည်း အလွယ်တကူမဖြစ်စေနိုင်ပါဘူး။ ဒီဇိုင်းပုံစံကတော့ အရင် Samsung ဖုန်းတွေအတိုင်းပဲဖြစ်ပြီး ဘာမှသိပ်ထူးခြားမနေပါဘူး။ အရှေ့ဘက် Home button မှာ fingerprint sensor  ကိုထည့်သွင်းထားပြီး ၄င်းက ဖုန်းကိုလုံခြုံစွာ ကာကွယ်ပေးထားနိုင်သလို unlock လုပ်ရတာ အဆင်ပြေပြီး လုပ်ဆောင်ချက်တွေကလည်း မြန်ဆန်မှုရှိပါတယ်။ ဖုန်းအရွယ်အစားက 162.9 x 80.7 x 6.9 mm  ရှိပြီး 189g အလေးချိန်ရှိတာကြောင့် အလွန်ပါးတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပြီး အလေးချိန်ကတော့ ဘက်ထရီစွမ်းအားကောင်းတဲ့ ဖုန်းတွေရဲ့ ပုံမှန်အလေးချိန်မှာရှိပါတယ်။ အနောက်ကင်မရာက နောက်ကျောအပေါ်ဘက် အလယ်တည့်တည့် မှာ တည်ရှိပါတယ်။ ၄င်းဘေးကပ်လျက်မှာတော့ LED Flash မီးလုံးလေးကိုတွေ့ရမှာပါ။ ဖုန်းရဲ့ညာဘက် ဘေးဘောင်မှာ ပါ၀ါခလုတ်ကိုထည့်သွင်းထားပြီး ဘယ်ဘက်မှာတော့ အသံအတိုးအကျယ်ခလုတ်တွေ ပါရှိပါတယ်။ အရောင်တွေအနေနဲ့ဆိုရင်လည်း ၄င်းရဲ့ဒီဇိုင်းပုံစံတည်ဆောက်ပုံနဲ့ လိုက်ဖက်ညီတဲ့ Gold ၊ Pink Gold နဲ့ Black ဆိုတဲ့ အရောင် 3 မျိုးကို ထုတ်လုပ်ပေးထားပါတယ်။

Display

>>>>>

6 လက်မအကျယ်ရှိတဲ့ မျက်နှာပြင်ကို Super AMOLED capacitive touchscreen display အမျိုးအစားနဲ့ပြု လုပ်ထားပြီး 1080 x 1920 pixels ရှိတဲ့  မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပါတယ်။ 1 လက်မအတိုင်းအတာ မှာ ရရှိနိုင်မယ့်သိပ်သည်းဆပမာဏက ~367 ppi pixels တောင်ရှိတဲ့အတွက် ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကြည့်ရ တာလည်း ကြည်လင်ပြတ်သားမှုရှိပါတယ်။မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကိုသုံးစွဲနိုင်လို့ အလွန်အဆင် ပြေပါတယ်။

Operating System and Camera

>>>>>

အထဲမှာ Android OS,v6.0.1 (Marshmallow) ကို run ထားပြီး Samsung ရဲ့သုံးနေကျ UI ကိုပဲ သုံးစွဲထားပါတယ်။ အနောက်ကင်မရာနဲ့အရှေ့ကင်မရာ 2 ခုစလုံးက  16 MP နဲ့  f/1.9 aperture စွမ်းအားတွေကို ပေးစွမ်းနိုင်လို့ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ အရည်အသွေးမြင့်တဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် အသုံးဝင်တဲ့ features တွေအများကြီးလည်း ပါရှိပါသေးတယ်။

Performance

>>>>>

ဖုန်းစွမ်းဆောင်ရည်တွေအတွက် အလွန်အရေးကြီးတဲ့ processor စွမ်းအားပိုင်းကို Qualcomm MSM8976 Snapdragon 653 chipset နဲ့ RAM 6 GB  ပါရှိတဲ့ Octa-core (4x1.95 GHz Cortex-A72 & 4x1.4 GHz Cortex-A53) pro-sessor က တိကျမြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကို ပေးစွမ်းနိုင်တယ်။ ဒါ့အပြင် ထောက်ပံ့ပေးထားတဲ့ Adreno 510 graphics card ကလည်း ရုပ်ထွက်ပိုင်းကို အကောင်းဆုံးပံ့ပိုးပေးနိုင်လို့ သဘာဝကျတဲ့ ရုပ်ထွက်မျိုးကိုရရှိနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းတွေ၊ Apps တွေ အကုန်လုံးကို စွမ်းဆောင်ရည်မြင့်မြင့်၊ ရုပ်ထွက်ကောင်းကောင်းနဲ့ အဆင်ပြေပြေကစားနိုင်မှာပါ။ ဒါတင်မကသေးဘဲ multitasking တွေလုပ်တဲ့အခါမှာလည်း စက်ဟမ်းသွားခြင်းမရှိအောင်အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

**Specification**

Display : 6.0 inch, Super AMOLED Capactive Touchscreen Memory : 64 GB, 6 GB RAM, microSD, up to 256 GB
Camera : 16MP(Back), autofocus, dual-LED Flash
OS : Android OS, v 6.0.1(Marshmallow)
Phone : 09-774788861 (C4E Computer & Mobile)
Price : 714,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment