Monday, June 12, 2017
“Xiaomi က စမတ္ဖုန္းအသစ္တစ္လံုးကိုဖန္တီးေန”
ေရွာင္မီက လွ်ိဳ႕၀ွက္အမည္ MDE 2 လို႔ ေပးထားတဲ့ Android Phone အသစ္တစ္လံုးကိုဖန္တီးေနတယ္လို႔ သတင္းထြက္ေနပါတယ္။ ေရွာင္မီ ကလာမယ့္လမ်ားအတြင္းမွာ Mi Mix 2 , Mi Note 3 နဲ႔ Mi 6 Plus မ်ားကိုမိတ္ဆက္ဖို႔ ရွိေနတဲ့အတြက္ ယခုစမတ္ဖုန္းဟာအဲဒီအထဲမွ တစ္လံုး ျဖစ္ႏုိင္ပါတယ္။
Mi Note 3 မွာ ၅.၇ လက္မ Full HD Display , Qualcomm Snapdragon 835 SoC, 6GB RAM, 64GB Internal Storage , microSD Card Slot မ်ားတပ္ဆင္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Mi Mix 2 ဟာမ်က္ႏွာျပင္ ေဘးေဘာင္မဲ့ ဒီဇိုင္း ျဖစ္ၿပီး ၆.၄ လက္မ 2040x1080 Pixels Display တပ္ဆင္ထားမွာပါ။ LG G6 လို 18:9 Aspect Ratio ျဖစ္မွာပါ။ Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ Chipset , 6GB RAM , 64GB or 128GB Storage , 4400mAh Battery ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ 16MP Camera ႏွစ္လံုးကို အေနာက္ဘက္မွာတပ္ဆင္ထားမွာပါ။
ေရွာင္မီကမၾကာခင္ကမိတ္ဆက္ခဲ့တဲ့ Mi 6 ရဲ႕ အရြယ္ႀကီးေမာ္ဒယ္ ျဖစ္တဲ့ Mi 6 Plus ကေတာ့ မေသခ်ာပါဘူး။ သူနဲ႔ ပတ္သက္တဲ့ သတင္း မ်ားေပါက္ၾကားထြက္ေပၚျခင္းမရွိတဲ့အတြက္ Plus ေမာ္ဒယ္ကို ထုတ္လုပ္ေရာင္းခ်ျခင္းမရွိႏုိင္ပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
*****************************************************************
*****************************************************************
(Unicode Version)
“Xiaomi က စမတ်ဖုန်းအသစ်တစ်လုံးကိုဖန်တီးနေ”
ရှောင်မီက လျှို့ဝှက်အမည် MDE 2 လို့ ပေးထားတဲ့ Android Phone အသစ်တစ်လုံးကိုဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ ရှောင်မီ ကလာမယ့်လများအတွင်းမှာ Mi Mix 2 , Mi Note 3 နဲ့ Mi 6 Plus များကိုမိတ်ဆက်ဖို့ ရှိနေတဲ့အတွက် ယခုစမတ်ဖုန်းဟာအဲဒီအထဲမှ တစ်လုံး ဖြစ်နိုင်ပါတယ်။
Mi Note 3 မှာ ၅.၇ လက်မ Full HD Display , Qualcomm Snapdragon 835 SoC, 6GB RAM, 64GB Internal Storage , microSD Card Slot များတပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Mi Mix 2 ဟာမျက်နှာပြင် ဘေးဘောင်မဲ့ ဒီဇိုင်း ဖြစ်ပြီး ၆.၄ လက်မ 2040x1080 Pixels Display တပ်ဆင်ထားမှာပါ။ LG G6 လို 18:9 Aspect Ratio ဖြစ်မှာပါ။ Qualcomm ရဲ့ နောက်ဆုံးထုတ် Chipset , 6GB RAM , 64GB or 128GB Storage , 4400mAh Battery ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 16MP Camera နှစ်လုံးကို အနောက်ဘက်မှာတပ်ဆင်ထားမှာပါ။
ရှောင်မီကမကြာခင်ကမိတ်ဆက်ခဲ့တဲ့ Mi 6 ရဲ့ အရွယ်ကြီးမော်ဒယ် ဖြစ်တဲ့ Mi 6 Plus ကတော့ မသေချာပါဘူး။ သူနဲ့ ပတ်သက်တဲ့ သတင်း များပေါက်ကြားထွက်ပေါ်ခြင်းမရှိတဲ့အတွက် Plus မော်ဒယ်ကို ထုတ်လုပ်ရောင်းချခြင်းမရှိနိုင်ပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment